Wednesday, March 4, 2009

တစ်မျိုး တစ်ဟန်ထူးမယ့် Asean Summit Part II

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးကြီးမှာ ခွေးဝဲစားဝင်မယ်ကြံလို့ အသည်းအသန် မောင်းထုတ် လိုက်ရတယ် ဆိုပဲ။
ဘယ့်နှယ်ဗျာ။ နိုင်ငံကိုယ်စားပြု ပုဂ္ဂိုလ်တွေရဲ့အစည်းအဝေးပါ ဆိုနေမှပဲ၊ ဝဲစားတွေက ဝင်ထိုင်မယ်ကြံလို့ အနံ့မခံနိုင်တဲ့ သူတွေက ကန့်ကွက်လိုက်ရတယ်တဲ့။ အဲဒီတော့မှ အပြင်မှာ ငုတ်တုတ်ကလေးထိုင်၊ ကိုယ့်ဝမ်းကိုယ်မနိုင်တဲ့ ဂုတ်ကျားမှိုင် မှိုင်ကြရတော့တယ်တဲ့။ ကျုပ်တို့သာဆိုရင်တော့ ရှက်လို့ ကိုယ့်မျက်နှာကိုယ် ဘယ်သွားထားရမှန်းတောင် သိမှာမဟုတ်တော့ ဘူး။ အင်းလေ---ဘယ်တုံးကမှ အရှက်ရှိခဲ့ကြတာမှ မဟုတ်တာ။ “အရေးမပါ လက်မှတ်ကမ္ဘာ”တို့၊ “ခွက်ပျောက်ခဲ့တယ် ၂၀၁၀” တို့ စတဲ့ ဇာတ်လမ်းတွေ ကပြနေကျ ဆိုတော့လည်း ရှက်ကြောက ကုန်နေလောက်ပြီမဟုတ်လား။
လူထုအခြေပြုအဖွဲ့အစည်းတွေတဲ့။ ကျန်တဲ့ နိုင်ငံတွေတော့မသိဘူး။ ကျုပ်တို့နိုင်ငံအတွက်တော့ အဲဒီ ထိုင်းနိုင်ငံ ရောက်အဖွဲ့ဟာ ဘယ်လူထု၊ဘယ်လူငယ်ထုကိုမှကိုယ်စားမပြုဘူးဗျ။ နှစ်ယောက်တစ်ပိုင်းနဲ့ဖွဲ့စည်းထားတဲ့ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေပဲ ဖြစ်တယ်။ ဒါကိုမှ မသိတဲ့ ထိုင်းဝန်ကြီးချုပ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ငတုံး(idiot) ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် လူယုတ်မာ(wicked person)ပဲ ဖြစ်ရမယ်။ ဘယ့်နှယ်ဗျာ။ အဲဒီသတ္တဝါတွေဟာ အလေနတော အုတ်ကြားမြက်ပေါက် ယောင်ခြောက်ဆယ်တွေမှန်း ကျုပ်တို့နိုင်ငံထဲမှာ ကလေးကအစ သိတယ်။ ဒီ ထိုင်းဝန်ကြီးချုပ်ဆိုတဲ့ ငနာက မစင်တုံး ရွှေကွပ်သလို တန်ဖိုးသင့် တန်းမြှင့်နေလေတော့ ဒင်းကမမှုပေမယ့် ပတ်ဝန်းကျင်တစ်ခုလုံး ကျက်သရေတုံးတယ်။ အဝေးက အမွှေးဗလပွနဲ့ကောင်တွေ မသိတာထားပါတော့။ ကျုပ်မြေး သေးပေါက်သလောက် အကွာအဝေးမှာရှိတဲ့ နိုင်ငံတစ်ခုက ဝန်ကြီးချုပ်က ဒီလို လူ့အလေနတောတွေကို သေချာမစောကြောပဲ လေကြောဖွင့်တာ ၁၀ မိနစ်ကြာ ဆိုတော့ ဒင်းက ဘာသဘောလည်း၊ တွေးမိတော့တယ်။ ကျုပ်ပြောပြီးခဲ့သလို ပြည်တွင်းမှာရှိတဲ့ ကျုပ်အပါအဝင် ဘယ်ပြည်သူမှမသိကြတဲ့ ကိုယ်စားလှယ်ဆိုတာကို ဒီလို ဝန်ကြီးချုပ်အဆင့်ရှိတဲ့သူက မဆင်မခြင် ထွက်တွေ့တယ် ဆိုတော့ တကယ်ပဲ ရိုးအတာလား။ မြန်မာအစိုးရကို စိတ်အနှောင့်အယှက်ဖြစ်အောင် ခနဲ့တာလား၊ စဉ်းစားစရာဖြစ်ကုန်တယ်ဗျာ။ အုပ်ချုပ်သူလူကြီးတွေကတော့ နှစ်နိုင်ငံချစ်ကြည်ရေး ရှေ့တန်းတင်ပြီး ဒီကိစ္စကို နှာစေးပေးနိုင်ကြပေမယ့် ကျုပ်တို့ကတော့ ဘာမျက်နှာမှ ထောက်စရာမရှိဘူး။ မကြေနပ်ဘူး။ ခင်ဥမ္မာဟာ လူထုကိုယ်စားလှယ်ဖြစ်ကြောင်း ဘယ်အထောက်အထားနဲ့ယုံစားတာလည်းဗျ။ ဘယ်တုံးက ပြည်သူတွေက သူ့ကို ကိုယ်စားလှယ်ခန့်လိုက်ပါလိမ့် ဆိုပြီး Memory နွှေးရတာ အောင်ဘု ချွေးများတောင်ပြန်ချင်လာတယ်။ ချွေးပြန်ဆို ခွေးအန်ဖတ်ထက်တောင်မှ ရွံစရာကောင်းနေတာကိုး။ တွေ့ရတဲ့ အဖြေက memory no တေလေကြမ်းပိုးမတဲ့။
ဒီလိုကြေးဆို ကျုပ်လည်း ထွက်လာခဲ့မယ် ချာချီဝဲ့ရေ။ ကျုပ်ပြောချင်တာတွေ လာပြောမယ်ဗျာ။ ဒင်းတို့ပြောတာနဲ့တော့ မတူနိုင်ဘူးပေါ့။ တကယ့်ကို ကျုပ်တို့ပြည်သူတွေရဲ့ ရင်တွင်းဖြစ်တွေမို့ ချာချီဝဲ့တစ်ယောက် မျက်ရည်နဲ့ငေါက်တောက် နောင်တကမ္ဘာ ရောက်သွားမယ်။
တစ်ခုတော့ရှိတာပေါ့လေ။ ထိုင်းလို့ အမည်ပြောင်းထားတဲ့ ယိုးဒယားတွေဟာ မရိုးမသားလုပ်ခဲ့ကြတာ ရာဇဝင်ချီ ကြာခဲ့ပြီ။ ဘယ်တုံးကမှ ကျုပ်တို့မြန်မာတွေအတွက် စေတနာမစွက်ခဲ့တဲ့ သူတွေမို့ မြင်နေကျမစင်ပုံ အပေမခံရုံမို့ ခုန်လို့ကျော်သလို သဘောထားရင်လည်း ရနိုင်တာပေါ့။ ချာချီဝဲ့ခမျာ မြန်မာအစိုးရဆန့်ကျင်သူတွေနဲ့ ဇာတ်လမ်းလေးရှုပ်မှပဲ အမေရိကန် မှတ်တမ်းလေးတစ်ပုဒ်လောက်မှာ ပါခွင့်ရနိုင်မှာမို့လား------ဒါတော့လည်း မသိနိုင်ဘူးပေါ့။
နောက်တစ်ယောက် VOAက ခင်စိုးဝင်း၊ ထမင်းအစား ပေါင်မုန့်နဲ့အသား မစားစဖူးအစားကျူးးသွားလို့ ဦးနှောက်ထူးခြား ကိုးရိုးကားယား ဖြစ်သွားပုံပဲ။ စားနေမှ မကျပဲကိုး၊ အဲဒီ လူမလေး ခွေးမခန့် လူ့ကန့်လန့်တွေကြောင့် ချာချီဝဲ့တို့ ထိုင်းနိုင်ငံ ကသိကအောင့် ဖြစ်ရတယ်တဲ့။ ကောင်းလိုက်တဲ့ အတွေးအခေါ်၊ အကြော်သည်နီးနီးပဲဗျာ။ သူ့ခမျာ တော်တော်လေး နာရှာတာ၊ သနားစရာတောင်ကောင်းနေပြီ။ ထိုင်းနဲ့အမေရိကန်ပေါင်းမှတော့ မထောင်းတာဘူး ကျောင်းအစ်မရေ၊ ချိုနဲ့သားရေဘဝ ထောင်းလမောင်းထသွားမယ်ဗျ။ ကဲ---စဉ်းစားကြည့်ကြရအောင်။ သူပြောသလို လူအုပ်စု ငုတ်တုတ်ထိုင် မျောက်မှိုင်မှိုင်ပြရုံနဲ့ အစိုးရအဖွဲ့ ပြုတ်ကျခဲ့တဲ့ နိုင်ငံမျိုး ဆိုတော့လည်း ဟုတ်နိုင်တာပေါ့လေ။ ဒါပေမယ့် သုဝဏ္ဏဘူမိလေဆိပ်မှာလောက် လူစုမိမှ ထိုင်းက ဖင်ကြွမှာဗျ။ ဒီထက်နည်းတဲ့ လူအုပ်နဲ့တော့ ချာချီဝဲ့လည်း မနွဲ့သေးဘူး။ စိတ်မပူနဲ့၊ ပူရမှာက အမွှေးဖြူနဲ့စပ်ကျမယ့် ဒင်းရဲ့ဗိုက်ဗျ။ လာသေး၊ “အာဆီယံအသင်းကြီး ဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ သံတမန်တွေအတွက်ပဲ ဖွဲ့စည်းထားတာမဟုတ်ဘူး။ ပြည်သူလူထုပါဝင်ဖို့ ဖွဲ့စည်းထားတာ”တဲ့။ သိဒယ်----သိဒယ်၊ “Asean Charter for Asean People” ဆိုတာကိုလည်း သိဒယ်။ မသိတာက People ဆိုတာရဲ့ definition ပဲ။ အဲဒီ အစည်းအဝေးနားရောက်နေတဲ့ ချိုကျိုးနားရွက်ပဲ့ စောင်းရွဲ့နေတဲ့သတ္တဝါတွေကို People ခေါ်သလား၊ ကျုပ်တို့အပါအဝင် ဒီမြန်မာနိုင်ငံတွင်းက ပြည်သူ ၅၅ သန်းကျော်ကို People ခေါ်သလား။
ပြီးတော့လာပြန်သေး။ မြန်မာကိုယ်စားလှယ် ခင်ဥမ္မာတဲ့။ မြတ်စွာဘုရား၊ Christian တွေကတော့ Oh! my God! ပေါ့။ ဘယ့်နှယ်ဗျာ။ တစ်ခါမှလည်း မကြားဖူးပါလား။ ဘယ်သူက သူ့ကို ခန့်လိုက်ပါလိမ့်။ သူ့ခမျာ ခန်းမအပြင်ဘက်ခွေးကတက်ကနေ ချာချီဝဲ့နဲ့ မတွေ့ရမချင်း ခြေကလေးဆင်း မိန်းမပျင်းဇာတ်ခင်းလို့ပေါ့လေ။ အရှက်နည်းလိုက်တဲ့ အမျိုး။ ဒါမျိုး ကျုပ်တို့ လူပျိုဘဝ နုစဉ်တုံးက နေရာတစ်ခုမှာ တွေ့ခဲ့ဖူးသလိုလို။ ဘယ်သူတွေဘာပဲပြောပြော၊ ကျုပ်တို့ကတော့ လူထုလူတန်းစားအလွှာပေါင်းစုံကိုယ်စားလှယ်တွေက (Asean ဆိုင်ရာ အမေရိကန် သံအမတ် Scot Marciel ပြောတာကတော့ လူအများစုမပါဝင်ပဲနဲ့တဲ့)၊ ၁၄ နှစ်အချိန်ယူလို့၊ ဧက ၁၀၀ လောက်ရှိတဲ့ ညီလာခံအဝန်း အဝိုင်းအတွင်းမှာ ဧည့်သည်ပေါင်းစုံကိုဖိတ်ကြားရင်း၊ နေ့စဉ်သတင်းလွှာတွေထုတ်ရင်း ရေးဆွဲခဲ့တဲ့ (Scot Marciel ပြောတာကတော့ လျှို့ဝှက်ရေးဆွဲတယ်တဲ့) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ကြိုက်တယ်။ လက်တစ်ဆုပ်စာ ပြဿနာ သတ္တဝါတွေကို ဂရုစိုက်စရာမလို တိုင်းပြည်ကိုပဲ ချစ်တယ်။ သေချာရေရာတဲ့ ၂၀၁၀ ကို စောင့်ကြိုတယ်။
အဲဒီတော့ ခွေးဝဲစားသာသာ ကျက်သရေမဲ့ သတ္တဝါတွေအတွက် ချာချီဝဲ့ ဦးစီးလို့ Asean Summit for Idiot and Insane Person တစ်မျိုးကြံလို့ ကျင်းပပေးဖို့သာ ကျုပ်တို့ မြန်မာက တိုက်တွန်းလိုက်ချင်ပါတော့တယ်။
(အောင်ဘု)

Wednesday, February 25, 2009

ထို့ကြောင့် ဤအရာကို “လာဘ်”ဟု ခေါ်သည်

မြန်မာနိုင်ငံမှာ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ နိုင်ငံတော်ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ်(၇)ရပ်ကို အကောင်အထည်ဖော်နေတာ တော်တော်လေးခရီးပေါက်ပြီဗျ။ သိတဲ့အတိုင်း ဆရာကြီးများက သူတို့ ဆန္ဒအတိုင်းဖြစ်မလာတော့ ညစ်ဖွာဖွာလုပ်လာကြတယ်။ ကျုပ်တို့အရပ်ထဲမှာ မှန်မှန်ကန်ကန် လုပ်ကိုင်စားသောက်တဲ့ သာမန်ပုဂ္ဂိုလ်နဲ့ ဒုစရိုက်သမား သူဌေး ရန်ဖြစ်ကြသလိုပေါ့ဗျာ။ သူဌေးက သူနဲ့ မတည့်တဲ့ပုဂ္ဂိုလ် စီးပွားပျက်အောင် အမျိုးမျိုးညစ်တာ။ ဟိုလူရောင်းတဲ့ပစ္စည်းဆိုရောင်းမရအောင် သူများတွေကို အလကားလိုက်ပေးလားပေးရဲ့၊ ကုန်ကြမ်းပြတ်အောင် မရနိုင်အောင် ပိတ်ဆို့လားဆို့ရဲ့၊ ကုန်ကြမ်းနဲ့ ကုန်ချောသယ်မရအောင် လမ်းကိုပိတ်လားပိတ်ရဲ့၊ သူ့ဟာဝယ်ရင် ငါနဲ့ မခေါ်နဲ့ ဆိုပြီး လုပ်လားလုပ်ရဲ့၊ ဒီလိုမျိုး နည်းမျိုးစုံညစ်တာဗျ။
သာမန်ပုဂ္ဂိုလ်( ဦးဖြိုး လို့ပဲ မှတ်လိုက်ကြရအောင်) ရဲ့ အားသာချက်က သူ့ပစ္စည်းတွေကို စေတနာထားပြီး လုပ်တယ်။ ကိုယ်ချင်းစာတရားရှေ့ထားပြီး ဆက်ဆံတယ်။ လူကိုလူလိုမြင်တယ်။ ရပ်ကွက်သားတွေနဲ့ စရိုက်တူတော့ အတွေးတူတယ်။ အဆင်ပြေတယ်။ အဲဒီတော့ ရပ်ကွက်ထဲကတစ်ခြားပုဂ္ဂိုလ်တွေက သူဌေးဆိုတဲ့လူ မငြိုငြင်အောင် သူ့ရှေ့မှာတော့ ခေါင်းငြိမ့်ပြ ပေမယ့် နောက်ကွယ်မှာကျတော့ ဦးဖြိုး နဲ့ ဆက်သွယ်ရောင်းဝယ်ကြတယ်။ နှစ်ဦးအကျိုးစီးပွားကိုးဗျ။ နှစ်ဘက်စလုံးအကျိုး ဖြစ်ကြတယ်။ သူဌေးဆိုတဲ့သူဆီကမရနိုင်တဲ့ ရိုးသားဖြူစင်မှုမျိုးကို ဦးဖြိုး ဆီကရတယ်။ ဦးဖြိုးနဲ့ ဆက်ဆံလို့ အလိမ်အနှပ်ခံရ စရာမရှိဘူး။ သဘောကောင်းတော့ ပိုပိုသာသာတောင် ရချင်ရဦးမယ်။ ဦးဖြိုးကို ဘာမှ မရိုးမသားညှိနှိုင်းစရာမလိုဘူး။ ရိုးသားလို့ကို ဆက်ဆံကြတာမဟုတ်လား။
ဒီလိုပဲပေါ့ဗျာ။ နိုင်ငံတော်က စီးပွားရေးစီမံကိန်းတွေကို ဆရာကြီးတို့ရဲ့ ပိတ်လေးပိတ်အောက်မှာပဲ အောင်မြင်အောင်ဆောင်ရွက် နိုင်ခဲ့တယ်။ သူတို့ရဲ့ မြန်မာနိုင်ငံပြိုပျက်ရေး အချိန်ဇယားဟာ ရေစုန်မျောခဲ့ပြီ။ ဆရာကြီးတို့ မျက်နှာပျက်လို့ strategy တွေ ပြန်သုံးသပ်နေရပြီ။ ဘာတွေမှားကုန်ပါလိမ့်ဆိုပြိး တစ်ယောက်မျက်နှာတစ်ယောက်ကြည့် အောက်ကလိအာတွေ ဆိုကုန်ကြရပြီ။ နင့်ကြောင့် ငါ့ကြောင့် လက်ညှိုးကလေးတွေ မရဲတစ်ရဲထိုးကုန်ကြပြီ။ ဆရာကြီးတို့ရဲ့ခေတ်မီဆန်းပြားလှသော သုတေသနတွေ မြောင်းထဲရောက်သွားတာများ ကြည့်လှဗျား။ အမွေးဖြူဆိုအထင်ကြီးပြီးသားဆိုတဲ့အဖွဲ့တွေ အခုတော့ ငုတ်တုတ်။ သူ့သံသရာ ထဲမှာ သူ နစ်မြုပ်ကုန်ကြပြီ။ တောင်မင်း---- မြောက်မင်းမကယ်နိုင်ဆိုသလိုပေါ့။ ဒီအချိန်မှာ ကိုရီးယား အပါအဝင် ကျုပ်တို့မိတ်ဆွေနိုင်ငံတွေအဖို့တော့ ဘာပြဿနာမှ မရှိ အားလုံးကွက်တိပဲ။
ကံဆိုတာ မှန်ရာလုပ်တဲ့သူတွေအတွက် အကွက်ကောင်းအသင့်စောင့်နေတာမို့ ကျုပ်တို့ အစိုးရလက်ထက် ကျမှပဲ ကမ္ဘာမြေကြီးထဲကဓာတ်ငွေ့များကလည်း အလျှံပယ်၊ ရတနာတွေကလည်းဘယ်နေရာမှာမှ မရှား၊ ဘယ်သူ့ သနားညှာတာမှုမှမလိုဘဲ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တာ ကြည့်ကောင်းလှဗျား။ ပိတ်လေးပိတ်လည်းမှုစရာမလို၊ မြန်မာတို့ရဲ့ သဒ္ဓါပိုမှုစေတနာအရင်းခံကြောင့် အတွင်းခံမပါရင်လည်း နေပလေ့စေ၊ လေအလျင်နဲ့ သုတ်ခြေတင် စာရင်းဝင်အောင်လုပ်ကြစို့ ဆိုတဲ့ ကုမ္ပဏီအဖွဲ့တွေက ဒလဟောမို့ ပိတ်ဆို့မှုကြီး ရေစုန်မျောရတာ လွမ်းစရာဖြစ်ခဲ့ပြီ။
ဒါနဲ့ပဲ အစီအစဉ်တစ်မျိုးတိုး ဘင်္ဂလားဒေ့ရှ်ကုလားဆိုးကိုသွေးထိုးလို့ ရခိုင်ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းကို မင်းတို့အပိုင်ရသင့်တယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကမ်းလွန်ပင်လယ်လုံခြုံရေး စိတ်အေးအောင်စောင့်ရှောက်မယ် ဆိုပြီး နောက်ကွယ်က ခြောက်တာကတစ်မျိုးလုပ်လာပြန်တော့ အောင်ဘုတို့အာရုံက ၁၈၂၀ ခုနှစ်ကျော် ကာလ ပြန်ရောက်ရပြန်တယ်။ အာသံမဏိပူရ အရေးကိစ္စတုံးကလည်း ဒီလိုပဲစခဲ့ကြတာမဟုတ်လား။ စန္ဒရကန္တရှိန်ကို မြှောက်ပင့်ပေးလို့ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကို ဆင်နွှဲခဲ့ကြတာလေ။ အခုလည်း ဒီယုံမြင်လို့ ဒီခြုံထွင်တာကို သိတဲ့ ကျုပ်တို့အစိုးရက ဘင်္ဂါလီတွေလှုပ်မရအောင် လုပ်ပြလိုက်လေတော့ ငုပ်စတုံးရပြန်တဲ့ ဒင်းတို့အကြံ မဟန်ဘူးဖြစ်ရပြန်တယ်။
ဟော --တစ်ခါလာလည်း မည်းပြာပုဆိုး မရိုးနိုင်ပုံက သူတို့မဝတ်သာတဲ့ မြန်မာ့ရတနာကို ကမ္ဘာက ရှောင်ကြဖို့ဆိုပြီး ရှက်စရာ စကားလုံး သုံးလာကြပြန်တယ်။ ဒီမှာတင် သူတို့ပြောပြောနေတဲ့ Globalization က ဆရာကို ပြန်ချတော့တယ်။ ကမ္ဘာ့ရွာမှာ မြန်မာ့ရတနာရယ်လို့ ခွဲခြားလို့မရ၊ မြန်မာ့ရတနာသည် မြေပေါ်ရောက်ပြီးခဏ မြန်မာထွက် သဘာဝကမ္ဘာ့ရတနာ ဖြစ်တော့သည် ဆိုတဲ့ အတွေးတွေအောက်၊ ကလေးသူငယ်ပမာရှက်စရာဖြစ်လောက်အောင် ပြောင်မြောက်စွာ ကမ္ဘာ့လူထုက တုံ့ပြန်လိုက်ကြပြန်တော့ တယ်။ အခြေမမှန်တဲ့ သတင်းတွေနဲ့ တည်ဆောက်ထားတဲ့ မူဝါဒတိုက်အိမ်ပေမို့ လေတိုက်ချိန် တစ်စစီ မွကြေခဲ့ရ တော့တာ သဘာဝကျလိုက်လေခြင်းပဲဗျို့။
ကဲ---အခုလည်း အကြံကုန်ဂဠုန်ဆားချက် ဦးနှောက်ပျက် သွေးရူးသွေးတန်းတွေက နောက်ဆုံးပေါ်ဟာသ ထုတ်ပြလိုက်ပြန်ပြီ။ ကိုရီးယားကုမ္ပဏီတွေက လာဘ်ထိုးကောင်းလို့ ကန်ထရိုက်တွေ ရနေကြတယ်ဆိုပဲ။ ကျုပ်မှတ်မိသလောက် ကိုရီးယားနဲ့ ကျုပ်တို့နိုင်ငံဟာ ကင်းတားဆည်ကြီးတည်ဆောက်ချိန်ကာလကတည်းက ပေါင်းသင်းလာကြတာဗျ။ မိတ်ဆွေရင်းတွေပဲ ဆိုပါတော့။ ကိုရီးယား နည်းပညာရဲ့ အသီးအပွင့်ကို ကျုပ်တို့လည်း ဝေမျှစားနိုင်ခဲ့ပြီ။ ရေနံတွင်း၊ စက်မှုလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ Hyundai, Samsung, LG, Gold Star, Daewoo, ဆိုတဲ့ ကုမ္ပဏီတွေက နည်းပညာတွေဟာ မြန်မာနိုင်ငံအနှံ့ မဆန့်နိုင် လောက်အောင် တစ်ပုံ တစ်ပင်၊ ဒါတင်မကသေးဘူး၊ ကိုရီးယား Fashion ကိုရီးယား Style နဲ့ မြန်မာကလေးငယ်တွေကလည်း ယဉ်ကျေးမှုချင်း ဖလှယ်မှုရဲ့ အနုသရုပ်သကန်ကို ပြနေကြတယ်။ ကျုပ်တို့အများကြီးရင်းနှီးခဲ့ပြီ၊ စိတ်ပုပ်စိတ်ယုတ် မရှိသော၊ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံမရှိ ရိုးသားမှုအတိပြီးသော မိတ်ဆွေကောင်းအဖြစ် သတ်မှတ်နိုင်ခဲ့ပြီ။ အနောက်ကမ္ဘာရဲ့ နည်းပညာပိတ်ဆို့မှုကာလ ကိုရီးယားနည်းပညာတို့က နေရာကျစေခဲ့ပြီ။ သို့သော် စီးပွားရေးဆိုမှတော့ သူလည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိ၊ မျှတစွာ ဆောင်ရွက်ကြမည်ပေါ့။
တစ်ခုတော့ရှိတယ်။ ကျုပ်တို့ အရှေ့တိုင်းမှာ ဆွေမျိုးမိတ်သင်္ဂဟတွေ တွေ့ကြရင် လက်ဗလာနဲ့တော့ မဝင်ကြဘူးဗျ။ အနောက်တိုင်းသား လူရိုင်းများလို ဆိုင်မှာ အတူသွားစားကြတာတောင် ကိုယ့်စားတာကိုယ်ရှင်း စနစ် ဒီနိုင်ငံမှာ မဖြစ်ခဲ့ဖူးဘူး။ ကုန်ကျသမျှကို အလုအယက်ရှင်းလိုက်ကြရမှ အသက်ရှူဝကြတာအမှန်။ ဒီတော့ ကိုရီးယားသားတွေက သူ့နိုင်ငံကပြန်အလာ၊ မြန်မာမိတ်ဆွေများကို ပါးပါးလျားလျား လက်ဆောင်များလည်း ပေးတာမျိုးရှိနိုင်တာပေါ့။ မြန်မာများကလည်း ကိုရီးယားနိုင်ငံကို သွားကြတဲ့အခါ လာဘ်သဘောမထားတဲ့ လက်ဆောင်များ ပါသွားနိုင်တာပေါ့။ မိတ်ဆွေလို့ မသတ်မှတ်နိုင်တဲ့ အနောက်အရပ်က မဟုတ်မဟတ်တွေ အတွက်တော့ စေတနာမရှိလို့ ဗလာချည့် သက်သက်ပေါ့။ ဒါပဲ။ ပြတ်တယ်။
အဲဒီတော့ ကိုရီးယားမိတ်ဆွေတို့ရော၊ ကျုပ်တို့မြန်မာမိတ်ဆွေများရော၊ အယုတ်တမာ စုတ်ဖွာဖွာကောင်တွေ ရော သိစေချင်တာက ကျုပ်တို့အရပ်နဲ့ ကျုပ်တို့ဇာတ် ၊ ဇာတ်ခေါင်းပဲကွဲကွဲ၊ နှပ်ကြောင်းပဲလွဲလွဲ၊ တည်မြဲတာကတော့ OK ခြင်း ပဲ။ ကိုရီးယားက လာဘ်ထိုးကြမ်းတယ်ဆိုပြီး ရမ်းတုတ်မှန်းအုပ်နေကြတဲ့ ငတ်တာကျအနောက်ကုမ္ပဏီတွေက မြေခွေးဉာဏ်ဗရပွနဲ့ စားတော်ခွက်မြေသက်အောင် အကြံပက်စက်နေကြ တာကို သတိထားရင်း ရိုးသားစွာအပြန်အလှန်လက်ဆောင်ဖလှယ်၊ ယဉ်ကျေးမှုချင်း ဆက်နွယ်ကြပါစို့လို့သာ တိုက်တွန်းလိုက်ချင်တော့တယ်။
(အောင်ဘု)

Tuesday, February 24, 2009

ပြည်သူအပေါင်း မမှီဝဲကောင်းသည့် မူးယစ်စေတတ်သော အရာကို အမေရိကန်ဘိန်းဝါဒ ဟုခေါ်သည်

တကယ့်ပြဿနာက ဘာလည်း ဆိုတာမေးစရာတော့ရှိလာပြီဗျ။ ဘိန်းစိုက်တာတို့၊ ဘိန်းဖြူထုတ်တာတို့၊ အမ်ဖက်တာမင်းနဲ့ မက်သာဖက်တာမင်း ထုတ်တာတို့ ဒါတွေက ခွေးချေးပဲ။ အရေးကြီးတာက အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေနဲ့ အဆင်ပြေဖို့ပါပဲ။ ပြီးပြီပေါ့ဗျာ။ အလွန်ယုတ်မာတဲ့ စံနှုန်းတွေနဲ့ လျှောက်တိုင်းနေမှတော့ ဘာကိုအမှန်၊ ဘာကိုအမှား ခွဲခြားမရတော့ တာ သဘာဝကျပါတယ်။
ကျုပ်တို့ နိုင်ငံရဲ့ မူးယစ်ဆေးနဲ့ ပတ်သက်လို့ဆောင်ရွက်ချက်တွေကို ကျုပ်တို့ပြည်သူပြည်သားတွေ အားလုံးကလက်ခံယုံကြည် တယ်။ ကျုပ်တို့ငယ်စဉ်ကလေးဘဝ ကျောင်းနေစဉ်ကတည်းက မိဘတွေ၊ ဆရာတွေက မူးယစ်ဆေးဝေးလို့ ဆေးလိပ်တောင်မှ လက်မခံဘူး။ အဲဒီတုံးကလည်း ကျုပ်တို့ ကျောင်းသားလူငယ်တွေကို သွေးဆောင်ဖြားယောင်းတာဟာ သူတို့အနောက်နိုင်ငံ တွေက လာတဲ့ Marlboro တို့၊ 555 တို့၊ Lucky Strike တို့၊ Benson တို့၊ စတဲ့ ဖြူဖွေးလှပလှတဲ့ စီးကရက်လေးတွေပဲ။ ကျုပ်တို့က စွဲလန်းသွား၊ သူတို့ကလည်း အမြတ်တွေ ကောင်းကောင်းကြီးရပြီးသွားချိန်မှာပဲ၊ သူတို့ဟာ တကယ့်စေတနာရှင်ကြီးတွေ ပုံစံနဲ့ Smoking is Hazardous ဆိုပြီး လုပ်လာကြတော့တယ်။ အစတုံးက ဒါကို မသိကြဘူးလား။ တတိယနိုင်ငံတွေက သူတို့ကို အတုယူပြီး စီးပွားဖြစ်အောင် လုပ်တော့မယ်ကြံကာမှပဲ အမှန်ကို ချပြကြတော့တယ်။
ဒီလိုပဲ၊ ဘိန်းတဲ့၊ သူတို့ကပဲ အရှေ့တိုင်းကို စပြီး တင်ဆောင်လာခဲ့ကြတာ။ ဒီဘိန်းဆိုတဲ့ပစ္စည်းနဲ့ စီးပွားတွေတည်ဆောက်ခဲ့ကြတယ်။ အရှေ့သားတွေ ဘိန်းစွဲလို့ အတိဒုက္ခရောက် သူတို့ကထားစရာမရှိ လောက်အောင် ချမ်းသာပြီးတော့မှပဲ ဘိန်းရဲ့ ဆိုးကျိုးတွေကို သုတေသနတွေ့ရှိချက်ပေါင်းများစွာနဲ့ ချပြကြ တော့တယ်။ ဒီမှာက လက်လွန်ကုန်ပြီလေ။ နိုင်ငံငယ်ကလေးတွေရဲ့ အင်အားနဲ့ တိုက်ဖျက်လို့မရနိုင် လောက်အောင် ဘိန်းက ကျယ်ပြန့်ခဲ့ပြီ။ ဘိန်းက ရိုးသွားပြန်တော့ Heroin ဘိန်းဖြူတဲ့၊ ထွင်ကြပြန်တယ်။ ဘယ်သူထွင်လည်း၊ သူတို့ပဲလေ။ အခုပြောနေကြတဲ့ amphetamine ကို ဘယ်သူကစပြီး တွေ့ခဲ့ ၊ ထုတ်ခဲ့ တာလည်း။ ဂျာမဏီနိုင်ငံ ဘာလင်တက္ကသိုလ်က ပညာရှင် Lazar Edeleanu ဆိုတဲ့ ပုဂ္ဂိုလ်ကထွင်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ အနောက်ကမ္ဘာက တွင်တွင်ကျယ်ကျယ်သုံးခဲ့တာ။ နောက်တစ်မျိုး အနောက်တိုင်းမှာ Ice လို့ခေါ်တဲ့ ၊ ထိုင်းမှာ“ယာဘ”လို့ခေါ်တဲ့ Methaphetamine ကိုရော ဘယ်သူတွေက စပြီးတွေ့ခဲ့၊ ထုတ်ခဲ့တာလည်း။ Akira Ogata ဆိုတဲ့ ဂျပန်ပညာရှင်က amphetamine ကို အခြေခံပြီး တီထွင်ခဲ့ရာက သူတို့အနောက်တိုင်းကစလို့ ဆေးအဖြစ်မသုံးဘဲ တစ်လွဲသုံးကြတာ။ ဘယ်မှာလည်း ကျုပ်တို့ မြန်မာတွေရဲ့ ပါဝင်ပတ်သက်မှု။
ဘိန်းအကြောင်းပြောရဦးမလား။ လွန်ခဲ့တဲ့ BC 4000 လောက်ကတည်းက ဘိန်းရှိခဲ့တာဖြစ်ပြီး မှတ်မှတ်ရရ စတင်သုံးခဲ့ကြတာ ကတော့ Greek မှာ တဲ့ဗျ။ ဘိန်းနဲ့ စီးပွားရှာခဲ့ရင်းက စစ်ပွဲပါ ဆင်နွှဲခဲ့တာရော ဘယ်သူလည်း၊ အားလုံးသိကြတဲ့အတိုင်း နေမဝင် အင်ပါယာဆိုပြီး အရူးထခဲ့တဲ့ အင်္ဂလိပ်တွေပဲပေါ့ဗျာ။ အင်္ဂလိပ်ဆိုတာ အမေရိကန်ရဲ့ ဖအေဖြစ်ကြောင်းကိုတော့ မူလတန်း ကျောင်းသားတောင် သိနေတာမို့လို့ မရှင်းတော့ပါဘူး။
ကဲ--- ဒီတော့ ဆေးထိုးမှားရင် လူနာရဲ့တာဝန်လား။ ဆရာဝန်(သို့မဟုတ်) သူနာပြုရဲ့တာဝန်လား။ ဘယ်သူက သက်သာပျောက်ကင်းအောင် ဆောင်ရွက်ပေးရမှာလည်း။ မှန်မှန်လေးဖြေလိုက်ပါဗျ။ ပျောက်ကင်းတဲ့အထိ တာဝန်ယူရတဲ့အမျိုးနော။ ပေါ့ပေါ့လေး မထင်နဲ့။ လူနာသေရင်တော့ ထောင်ပါကျသွားနိုင်တယ်။ စေတနာနဲ့ပဲ ထိုးတာဖြစ်ဖြစ်၊ ပြီးစလွယ်လုပ်တာပဲဖြစ်ဖြစ်၊ တာဝန်ယူရတာပေါ့ဗျာ။ ဒီလိုပါပဲ။ ကျုပ်တို့မြန်မာနိုင်ငံအပါအဝင် အရှေ့တိုင်းမှာ ဖြစ်သမျှ မူးယစ်ပြဿနာအားလုံးဟာ အနောက်နိုင်ငံတွေ (အထူးသဖြင့် England)က ချခဲ့တဲ့ မျိုးစေ့က ပေါက်လာတဲ့ အပင်တွေချည်းပဲ။ ဒီတော့ရှင်းပါတယ်၊ မြန်မာပြည်ကို အပြစ်တင်တိုင်း ကိုယ့်အမြီး ကိုယ်ပြန်စမ်းကြဖို့ မျောက်ဖြူတို့ကို မှာချင်တယ်။
ကဲ---ထားပါတော့။ ဖြစ်ခဲ့ကြပြီ။ ဘာလုပ်ကြမလည်း။ မြန်မာပြည်မှာ ကျုပ်ပြောခဲ့သလိုပဲ ၊ မူးယစ်ဆေးဝါးကို နိုင်ငံတော်ကလည်း လက်မခံဘူး။ ပြည်သူအသိုင်းအဝိုင်းကလည်း ရွံကြတယ်။ ဆေးသမားဆို အနားတောင် အကပ်မခံကြဘူး။ ကိုယ့်ဆွေမျိုးသားချင်းထဲမှာလည်း ဆေးသမားမရှိအောင် ထိန်းကြတယ်။ အရောင်းအဝယ် ရှိရင်လည်း သတင်းပေးတိုင်တန်းကြဖို့ အဆင်သင့်ဗျ။ အဲဒီတော့ ဘယ်မှာ အရောင်းအဝယ်ဖြစ်နိုင်လည်း၊ ဗေဒင်မေးမနေနဲ့၊ သေချာတယ်။ သူတို့အနောက်တိုင်းမှာပဲပေါ့။ သူတို့တွေကပဲ၊ နည်းပညာတွေကို မသိမသာ ပံ့ပိုးပေးပြီး မူးယစ်ဆေးဝါးရေစီးကြောင်းကြီးကို အရှိန်အဟုန်နဲ့ စီးဆင်းစေခဲ့တာ။ ပြီးရင်တော့ အသံကောင်း ဟစ်လို့ ၊ အထွက်နှုန်းတွေ တိုင်းတာလိုက်၊ မှတ်တမ်းတွေပြုစုလိုက်နဲ့ ကမ္ဘာကို မျက်လှည့်ပြနေကြတာ။ တကယ် သာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးကင်းစင်သွားရင် ငိုချင်းချကြမှာ ဘယ်သူတွေလည်း၊ မူးယစ်ဆေးဝါးနဲ့ စီးပွားဖြစ်နေကြတဲ့ အမေရိကန် CIA နဲ့ DEA တွေပဲပေါ့။ ဒါဖြင့်ရင် ဒီမျောက်ဖြူအစိုးရကရော အပြစ် ကင်းသလား၊ အဖြေက No ။ အမေရိကန်နိုင်ငံ လုံခြုံရင် ပြီးရော၊ ကွန်မြူနစ်စနစ် ဝင်မလာရင်ပြီးရော၊ ကျန်တာ ဘာဖြစ်ဖြစ်ဆိုပဲ။ ကောင်းပါပေ့ဗျား။
အင်း---ဒါဆိုရှင်းကြပြီထင်ပါရဲ့။ ဒီနိုင်ငံထဲမှာလည်း မဟုတ်တဲ့နည်းနဲ့ အသက်မွေးသူတွေရှိနိုင်တာပေါ့။ ဒါကြောင့် တာဝန်ရှိသူတွေ ကလည်းဖမ်းဆီးထိန်းသိမ်းနေတာပဲလေ။ ကြွက်နဲ့ကြောင်လိုတော့ရှိနိုင်တယ်။ ဒုစရိုက်သမားက ဉာဏ်သာသွားတဲ့ကာလမှာ ဖမ်းဆီးရမိမှုနည်းပြီး တာဝန်ရှိသူတွေရဲ့လုပ်ဆောင်မှု ထိရောက် သွားတဲ့ကာလတွေမှာ များများဖမ်းမိတာပေါ့။ တစ်လဘယ်လောက် ဖမ်းမိရမလည်း ဆိုတာကတော့ သုံးစွဲနိုင်တဲ့နည်းပညာ၊ ပစ္စည်းကိရိယာပံ့ပိုးနိုင်မှု၊ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပေါ်မှာ မူတည်တာ လေ။ သူတို့လိုခေတ်မီနည်းပညာရှိတဲ့ နိုင်ငံကြီးတွေမှာတောင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို သတင်းဖော်ထုတ် နိုင်ဖို့ ခက်နေတာ၊ ကျုပ်တို့နိုင်ငံလို သတင်းကို ပါးစပ်နဲ့မေး၊ နားရွက်နဲ့နားထောင်စုဆောင်းရတဲ့ နိုင်ငံမှာ ဒီလောက်ဖမ်းနိုင်တာဟာ တော်တော်ကလေးကို အားထည့်လုပ်ဆောင်နေလို့ဆိုတာ မြင်နိုင်ပါတယ်။ ဒီထက်ပို ဖမ်းမိစေချင်ရင်တော့ အဲဒီက မူးယစ်ဆေးဝယ်လက်ကို မိအောင်ဖမ်းပြီး ဒီက ရောင်းလက်သတင်းကို ပေးလိုက် ပေါ့။ မိလိုက်မယ့်အမျိုး၊ တစ်ခါတည်းမျိုးပါပြုတ်သွားမယ်။
တစ်ခုတော့ရှိတယ်။ တကယ် မူးယစ်ဆေးကင်းစင်စေချင်တာ မဟုတ်ဘဲနဲ့ ကိုယ်မလိုတဲ့နိုင်ငံကိုထိုးနှက်ဖို့ နိုင်ငံရေးလက်နက်သဘော ၊ ဖိအားပေးဖို့ လက်နက်ပုန်းသဘောမျိုးနဲ့ လုပ်နေရင်တော့ ကိုယ့်ရှူးကိုယ်ပတ် ကိုယ့်ဇာတ်ကိုယ်မနိုင်၊ အမေရိကန်တစ်နိုင်ငံလုံး ရွက်ပုန်းသီးဘိန်းစား အုတ်ကြားမြက်ပေါက် ဘဝရောက်သွား မယ်ဆိုတာ သေသေချာချာ ဟောလိုက်ပါရစေ။
(အောင်ဘု)

ပြည်သူအပေါင်း မမှီဝဲကောင်းသည့် မူးယစ်စေတတ်သော အရာကို အမေရိကန်ဘိန်းဝါဒ ဟုခေါ်သည်

တကယ့်ပြဿနာက ဘာလည်း ဆိုတာမေးစရာတော့ရှိလာပြီဗျ။ ဘိန်းစိုက်တာတို့၊ ဘိန်းဖြူထုတ်တာတို့၊ အမ်ဖက်တာမင်းနဲ့ မက်သာဖက်တာမင်း ထုတ်တာတို့ ဒါတွေက ခွေးချေးပဲ။ အရေးကြီးတာက အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေနဲ့ အဆင်ပြေဖို့ပါပဲ။ ပြီးပြီပေါ့ဗျာ။ အလွန်ယုတ်မာတဲ့ စံနှုန်းတွေနဲ့ လျှောက်တိုင်းနေမှတော့ ဘာကိုအမှန်၊ ဘာကိုအမှား ခွဲခြားမရတော့ တာ သဘာဝကျပါတယ်။
ကျုပ်တို့ နိုင်ငံရဲ့ မူးယစ်ဆေးနဲ့ ပတ်သက်လို့ဆောင်ရွက်ချက်တွေကို ကျုပ်တို့ပြည်သူပြည်သားတွေ အားလုံးကလက်ခံယုံကြည် တယ်။ ကျုပ်တို့ငယ်စဉ်ကလေးဘဝ ကျောင်းနေစဉ်ကတည်းက မိဘတွေ၊ ဆရာတွေက မူးယစ်ဆေးဝေးလို့ ဆေးလိပ်တောင်မှ လက်မခံဘူး။ အဲဒီတုံးကလည်း ကျုပ်တို့ ကျောင်းသားလူငယ်တွေကို သွေးဆောင်ဖြားယောင်းတာဟာ သူတို့အနောက်နိုင်ငံ တွေက လာတဲ့ Marlboro တို့၊ 555 တို့၊ Lucky Strike တို့၊ Benson တို့၊ စတဲ့ ဖြူဖွေးလှပလှတဲ့ စီးကရက်လေးတွေပဲ။ ကျုပ်တို့က စွဲလန်းသွား၊ သူတို့ကလည်း အမြတ်တွေ ကောင်းကောင်းကြီးရပြီးသွားချိန်မှာပဲ၊ သူတို့ဟာ တကယ့်စေတနာရှင်ကြီးတွေ ပုံစံနဲ့ Smoking is Hazardous ဆိုပြီး လုပ်လာကြတော့တယ်။ အစတုံးက ဒါကို မသိကြဘူးလား။ တတိယနိုင်ငံတွေက သူတို့ကို အတုယူပြီး စီးပွားဖြစ်အောင် လုပ်တော့မယ်ကြံကာမှပဲ အမှန်ကို ချပြကြတော့တယ်။
ဒီလိုပဲ၊ ဘိန်းတဲ့၊ သူတို့ကပဲ အရှေ့တိုင်းကို စပြီး တင်ဆောင်လာခဲ့ကြတာ။ ဒီဘိန်းဆိုတဲ့ပစ္စည်းနဲ့ စီးပွားတွေတည်ဆောက် ခဲ့ကြတယ်။ အရှေ့သားတွေ ဘိန်းစွဲလို့ အတိဒုက္ခရောက် သူတို့ကထားစရာမရှိလောက်အောင် ချမ်းသာပြီးတော့မှပဲ ဘိန်းရဲ့ ဆိုးကျိုးတွေကို သုတေသနတွေ့ရှိချက်ပေါင်းများစွာနဲ့ ချပြကြတော့တယ်။ ဒီမှာက လက်လွန်ကုန်ပြီလေ။ နိုင်ငံငယ်ကလေးတွေရဲ့ အင်အားနဲ့ တိုက်ဖျက်လို့မရနိုင်လောက်အောင် ဘိန်းက ကျယ်ပြန့်ခဲ့ပြီ။ ဘိန်းက ရိုးသွားပြန်တော့ Heroin ဘိန်းဖြူတဲ့၊ ထွင်ကြပြန်တယ်။ ဘယ်သူထွင်လည်း၊ သူတို့ပဲလေ။ အခုပြောနေကြတဲ့ amphetamine ကို ဘယ်သူကစပြီး တွေ့ခဲ့ ၊ ထုတ်ခဲ့ တာလည်း။ ဂျာမဏီနိုင်ငံ ဘာလင်တက္ကသိုလ်က ပညာရှင် Lazar Edeleanu ဆိုတဲ့ ပုဂ္ဂိုလ်ကထွင်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ အနောက်ကမ္ဘာက တွင်တွင်ကျယ်ကျယ်သုံးခဲ့တာ။ နောက်တစ်မျိုး အနောက်တိုင်းမှာ Ice လို့ခေါ်တဲ့ ၊ ထိုင်းမှာ“ယာဘ”လို့ခေါ်တဲ့ Methaphetamine ကိုရော ဘယ်သူတွေက စပြီးတွေ့ခဲ့၊ ထုတ်ခဲ့တာလည်း။ Akira Ogata ဆိုတဲ့ ဂျပန်ပညာရှင်က amphetamine ကို အခြေခံပြီး တီထွင်ခဲ့ရာက သူတို့အနောက်တိုင်းကစလို့ ဆေးအဖြစ်မသုံးဘဲ တစ်လွဲသုံးကြတာ။ ဘယ်မှာ လည်း ကျုပ်တို့ မြန်မာတွေရဲ့ပါဝင်ပတ်သက်မှု။
ဘိန်းအကြောင်းပြောရဦးမလား။ လွန်ခဲ့တဲ့ BC 4000 လောက်ကတည်းက ဘိန်းရှိခဲ့တာဖြစ်ပြီး မှတ်မှတ်ရရ စတင်သုံးခဲ့ကြတာ ကတော့ Greek မှာ တဲ့ဗျ။ ဘိန်းနဲ့ စီးပွားရှာခဲ့ရင်းက စစ်ပွဲပါ ဆင်နွှဲခဲ့တာရော ဘယ်သူလည်း၊ အားလုံးသိကြတဲ့အတိုင်း နေမဝင် အင်ပါယာဆိုပြီး အရူးထခဲ့တဲ့ အင်္ဂလိပ်တွေပဲပေါ့ဗျာ။ အင်္ဂလိပ်ဆိုတာ အမေရိကန်ရဲ့ ဖအေဖြစ်ကြောင်းကိုတော့ မူလတန်း ကျောင်းသားတောင် သိနေတာမို့လို့ မရှင်းတော့ပါဘူး။
ကဲ--- ဒီတော့ ဆေးထိုးမှားရင် လူနာရဲ့တာဝန်လား။ ဆရာဝန်(သို့မဟုတ်) သူနာပြုရဲ့တာဝန်လား။ ဘယ်သူက သက်သာပျောက် ကင်းအောင် ဆောင်ရွက်ပေးရမှာလည်း။ မှန်မှန်လေးဖြေလိုက်ပါဗျ။ ပျောက်ကင်းတဲ့အထိတာဝန်ယူရတဲ့အမျိုးနော။ ပေါ့ပေါ့လေး မထင်နဲ့။ လူနာသေရင်တော့ ထောင်ပါကျသွားနိုင်တယ်။ စေတနာနဲ့ပဲ ထိုးတာဖြစ်ဖြစ်၊ ပြီးစလွယ်လုပ်တာပဲဖြစ်ဖြစ်၊ တာဝန်ယူရ တာပေါ့ဗျာ။ ဒီလိုပါပဲ။ ကျုပ်တို့မြန်မာနိုင်ငံအပါအဝင် အရှေ့တိုင်းမှာ ဖြစ်သမျှ မူးယစ်ပြဿနာအားလုံးဟာ အနောက်နိုင်ငံတွေ (အထူးသဖြင့် England)က ချခဲ့တဲ့ မျိုးစေ့က ပေါက်လာတဲ့ အပင်တွေချည်းပဲ။ ဒီတော့ရှင်းပါတယ်၊ မြန်မာပြည်ကို အပြစ်တင်တိုင်း ကိုယ့်အမြီးကိုယ်ပြန်စမ်းကြဖို့ မျောက်ဖြူတို့ကို မှာချင်တယ်။
ကဲ---ထားပါတော့။ ဖြစ်ခဲ့ကြပြီ။ ဘာလုပ်ကြမလည်း။ မြန်မာပြည်မှာ ကျုပ်ပြောခဲ့သလိုပဲ ၊ မူးယစ်ဆေးဝါးကို နိုင်ငံတော်ကလည်း လက်မခံဘူး။ ပြည်သူအသိုင်းအဝိုင်းကလည်း ရွံကြတယ်။ ဆေးသမားဆို အနားတောင်အကပ်မခံကြဘူး။ ကိုယ့် ဆွေမျိုးသားချင်း ထဲမှာလည်း ဆေးသမား မရှိအောင် ထိန်းကြတယ်။ အရောင်းအဝယ်ရှိရင်လည်း သတင်းပေးတိုင်တန်းကြဖို့ အဆင်သင့်ဗျ။ အဲဒီတော့ ဘယ်မှာ အရောင်းအဝယ်ဖြစ်နိုင်လည်း၊ ဗေဒင်မေးမနေနဲ့၊ သေချာတယ်။ သူတို့အနောက်တိုင်းမှာပဲပေါ့။ သူတို့တွေကပဲ၊ နည်းပညာတွေကို မသိမသာ ပံ့ပိုးပေးပြီး မူးယစ်ဆေးဝါးရေစီးကြောင်းကြီးကို အရှိန်အဟုန်နဲ့ စီးဆင်းစေခဲ့တာ။ ပြီးရင်တော့ အသံကောင်းဟစ်လို့ ၊ အထွက်နှုန်းတွေ တိုင်းတာလိုက်၊ မှတ်တမ်းတွေပြုစုလိုက်နဲ့ ကမ္ဘာကို မျက်လှည့်ပြနေကြတာ။ တကယ်သာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးကင်းစင်သွားရင် ငိုချင်းချကြမှာ ဘယ်သူတွေလည်း၊ မူးယစ်ဆေးဝါးနဲ့ စီးပွားဖြစ်နေကြတဲ့ အမေရိကန် CIA နဲ့ DEA တွေပဲပေါ့။ ဒါဖြင့်ရင် ဒီမျောက်ဖြူအစိုးရကရော အပြစ်ကင်းသလား၊ အဖြေက No ။ အမေရိကန်နိုင်ငံ လုံခြုံရင် ပြီးရော၊ ကွန်မြူနစ်စနစ် ဝင်မလာရင်ပြီးရော၊ ကျန်တာဘာဖြစ်ဖြစ်ဆိုပဲ။ ကောင်းပါပေ့ဗျား။
အင်း---ဒါဆိုရှင်းကြပြီထင်ပါရဲ့။ ဒီနိုင်ငံထဲမှာလည်း မဟုတ်တဲ့နည်းနဲ့ အသက်မွေးသူတွေရှိနိုင်တာပေါ့။ ဒါကြောင့် တာဝန်ရှိသူတွေ ကလည်းဖမ်းဆီးထိန်းသိမ်းနေတာပဲလေ။ ကြွက်နဲ့ကြောင်လိုတော့ရှိနိုင်တယ်။ ဒုစရိုက်သမားက ဉာဏ်သာသွားတဲ့ကာလမှာ ဖမ်းဆီးရမိမှုနည်းပြီး တာဝန်ရှိသူတွေရဲ့လုပ်ဆောင်မှုထိရောက်သွားတဲ့ကာလတွေမှာ များများဖမ်းမိတာပေါ့။ တစ်လဘယ်လောက် ဖမ်းမိရမလည်း ဆိုတာကတော့ သုံးစွဲနိုင်တဲ့နည်းပညာ၊ ပစ္စည်းကိရိယာပံ့ပိုးနိုင်မှု၊ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပေါ်မှာ မူတည်တာလေ။ သူတို့လိုခေတ်မီနည်းပညာရှိတဲ့ နိုင်ငံကြီးတွေမှာတောင် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို သတင်းဖော်ထုတ်နိုင်ဖို့ ခက်နေတာ၊ ကျုပ်တို့နိုင်ငံလို သတင်းကို ပါးစပ်နဲ့မေး၊ နားရွက်နဲ့နားထောင်စုဆောင်းရတဲ့ နိုင်ငံမှာ ဒီလောက်ဖမ်းနိုင်တာဟာ တော်တော်ကလေးကို အားထည့်လုပ်ဆောင်နေလို့ဆိုတာ မြင်နိုင်ပါတယ်။ ဒီထက်ပိုဖမ်းမိစေချင်ရင်တော့ အဲဒီက မူးယစ်ဆေး ဝယ်လက်ကို မိအောင်ဖမ်းပြီး ဒီက ရောင်းလက်သတင်းကို ပေးလိုက်ပေါ့။ မိလိုက်မယ့်အမျိုး၊ တစ်ခါတည်းမျိုးပါပြုတ်သွားမယ်။
တစ်ခုတော့ရှိတယ်။ တကယ် မူးယစ်ဆေးကင်းစင်စေချင်တာ မဟုတ်ဘဲနဲ့ ကိုယ်မလိုတဲ့နိုင်ငံကိုထိုးနှက်ဖို့ နိုင်ငံရေးလက်နက် သဘော ၊ ဖိအားပေးဖို့ လက်နက်ပုန်းသဘောမျိုးနဲ့ လုပ်နေရင်တော့ ကိုယ့်ရှူးကိုယ်ပတ် ကိုယ့်ဇာတ်ကိုယ်မနိုင်၊ အမေရိကန် တစ်နိုင်ငံလုံး ရွက်ပုန်းသီးဘိန်းစား အုတ်ကြားမြက်ပေါက် ဘဝရောက်သွားမယ်ဆိုတာ သေသေချာချာ ဟောလိုက်ပါရစေ။
(အောင်ဘု)

Monday, February 23, 2009

၂၀၁၀ မှာ အမှောင့်ပယောဂ မြွေတွေ ထွက်မလာရဖို့ ကျုပ်တို့တာဝန်

၂၀၁၀ မှာ အမှောင့်ပယောဂ မြွေတွေ ထွက်မလာရဖို့ ကျုပ်တို့တာဝန်
မြန်မာနိုင်ငံမှာ အကျဉ်းသားတွေ ခြောက်ထောင်ကျော် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဝမ်းသာစရာပေါ့ဗျာ။ ဘယ်လောက်ပဲဆိုးခဲ့ဦးတော့ အခုလို နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ့်လမ်းခရီးမှာ တစ်တပ်တစ်အားပါဝင်ခွင့်ပြုလိုက်ပြီဆိုတော့၊ သူတို့လည်းဝမ်းသာ၊ သူတို့ဆွေမျိုးမိတ်သင်္ဂဟတွေလည်းဝမ်းသာ၊ အားလုံး OK ပေါ့ဗျာ။ ဘာများမကြေနပ်စရာရှိလို့တုံး။ တစ်ခုတော့ရှိတာပေါ့။ မတော်တဆ မှားခဲ့၊ မိုက်ခဲ့မိသူတွေ အဖို့ ပြုပြင်နိုင်မှာဖြစ်ပေမယ့် သိသိကြီးနဲ့ ပြဿနာရှာထားသူတွေကတော့ ပြင်နိုင်မပြင်နိုင် စောင့်ကြည့်ရဦးမှာပေါ့။
ဒီနေရာမှာ လွှတ်တဲ့ကိစ္စနဲ့ အရေးယူရမှုတွေ မရောမိဖို့တော့ လိုလိမ့်မယ်ထင်တယ်ဗျ။ ဒီနေ့နိုင်ငံတော်က စေတနာနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုပေမယ့် ဒါဟာ အဲဒီပုဂ္ဂိုလ်တွေနဲ့ပဲ သက်ဆိုင်တယ်။ လွှတ်နေဆဲ တန်းလန်းမှာပဲ ဥပဒေကျူးလွန်သူတွေ အတွက်တော့ ဖမ်းဆီးမှုတွေ၊ ရုံးတင်စစ်ဆေးရမှုတွေ၊ ပြစ်မှုထင်ရှားလို့ ထောင်သွင်းအကျဉ်းချရမှုတွေ ရှိနေနိုင်တာပါပဲ။ ဒီလိုပဲ လွှတ်တဲ့သူတွေထဲမှာလည်း ရွေးရသေးတာပေါ့ဗျာ။ အနှီပုဂ္ဂိုလ်သည် နိုင်ငံတော်ရဲ့စေတနာကို နားလည်မယ့်သူ၊ နိုင်ငံတော် ရှေ့ဆက်လျှောက်လှမ်းမယ့်ခရီးမှာ ပါဝင်ဆောင်ရွက်မယ့်သူ၊ ပြည်သူပြည်သားအပေါင်းရဲ့ အကျိုးစီးပွားကို မထိခိုက်စေမယ့်သူ ဒီလိုတော့ဖြစ်သင့်တာပေါ့လေ။ ဖြူဖြူ---မည်းမည်း၊ ကောင်းကောင်း----ဆိုးဆိုး၊ အကုန်လွှတ်လို့တော့လည်း မဖြစ်နိုင် သေးဘူးပေါ့။ မလွှတ်တော့လည်း မလွှတ်လို့၊ လွှတ်လိုက်တဲ့အထဲက တစ်ချို့က ပြဿနာရှာပြန်တော့လည်း လွှတ်ပြန်လို့။ ဒါမျိုးတွေကလည်း မကြာခဏကြားနေရပြန်တော့ စဉ်စားသင့်တာပဲလေ။
အကျဉ်းကျသူတွေကို ပြန်ကြည့်ရအောင်။ သူခိုးဆိုပါတော့။ နက္ခတ်အရ မခိုးမနေနိုင်လို့ခိုးတာရှိတယ်။(တစ်ချို့ဆိုရင် ကံအကြောင်းမလှလို့ လူစင်စစ်က အပြစ်သားဖြစ်ရတာ) တစ်ချို့ကျတော့လည်း ရုတ်တရက် စိတ်ဖောက်ရာကနေ ထိပ်ပေါက်ခေါင်းကွဲ နွှဲကြလို့ ထောင်ထဲရောက်ကြရတာ။ သူတို့မှာ နိုင်ငံကို ပျက်စီးပါစေတော့၊ ပြိုကွဲပါစေတော့ဆိုတဲ့ စေတနာဆိုး( တရားတော်မှာတော့ ဒေါသလို့ခေါ်မလားမသိ) လုံးဝမရှိဘူး။ နောက်လူ ဆင်ခြင်နိုင်အောင်သာ အပြစ်ချရတာ။ အနှစ်ကတော့ လွှတ်လည်းနိုင်ငံတော်အတွက်အား၊ မလွှတ်လည်း ဥပဒေအတွက် တံခါးပဲ။ သူတို့အတွက် နိုင်ငံတော်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူး။
နောက်တစ်မျိုးကတော့ ပြဿနာကောင်အုပ်စုပေါ့။ လူလည်းမသတ်ဘူး။ မထိုး မခုတ် မရိုက်ဘူး၊ လုပ်လောက်အောင် လည်း သတ္တိက မရှိဘူး။ ဒါပေမယ့် အပြင်မှာ ထမင်းရှာမစားတတ်တော့ ထောင်ထဲမှာ အလကားကျွေးတဲ့ ထမင်းစားရလည်း နည်းလားဆိုပြီး ထောင်မကြောက်ဇာတ်လမ်းခင်းကြတယ်။ ပြီးရင် နိုင်ငံရေးအကျဉ်းသားဆိုပြီး Quintana အပါအဝင် နှာခေါင်းရှည်တို့အားကိုယူ၊ ထောင်ထဲမှာ ထောင်မင်းသားလုပ်ဖို့ကြံကြတယ်။ အဲဒီ လူ့ဖလံ ခြေမွေးမီးမလောင် လက်မွေး မီးမလောင် ယောင်ချာချာ လူယုတ်မာကောင်တွေဟာ ၊ နိုင်ငံတော်ကို တစ်စစီဖြစ်အောင် လုပ်မယ့်ကောင်တွေဗျ။ ကံမလှလို့ လူသတ်ရ၊ စောရဘဝရောက်ရတဲ့ ပြည်သူပြည်သားတွေထက် ရွံစရာကောင်းဖို့ဗျား။ အဲဒီတော့ ရွံစရာကို ထောင်တွင်းမှာထား၊ ရိုးသားစွာမှားယွင်းမိခဲ့တဲ့ နိုင်ငံသားတို့ကို နိုင်ငံသစ်တည်တဲ့နေရာမှာ တစ်တပ်တစ်အား ပါဝင်စေခဲ့တာကို ကျုပ်တို့ကတော့ ဝမ်းပမ်းတစ်သာ လက်ခုတ်တီးလိုက်ရတာ၊ လက်တောင်နာပါပကောဗျို့။
ကဲ---- ဒါပေမယ့် နိုင်ငံတော်အစိုးရက ဒီလောက်လုပ်ပေးနေတာတောင် အကောင်းမဆိုနိုင်တဲ့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်နဲ့ ဗြိတိန်သံအမတ်ဆိုတဲ့ ငနာနှစ်ကောင်က ကြောင်တောင်တောင်လုပ်ပြီး ကျုပ်တို့အစိုးရရဲ့ စေတနာကို သဲနဲ့ပက်တဲ့အပေါက် ချိုးပြန်ပြီ။ ရာဟုထောင့်ကို မျက်နှာမူလို့ “ယုတ်ကန်းကြပါပေ့ကွယ်” လို့သာ အော်လိုက်ချင်တော့တယ်ဗျ။ ဒင်းတို့ဘာကိုလိုချင်နေတာလည်း မေးခွန်းရဲ့အဖြေကလည်း ခေါင်းထဲမှာ ရှင်းကနဲ ဖြစ်သွားတယ်။ ဒါပဲပေါ့။ သူတို့ တင်မယ့် ရွှေမင်းသမီး ကွင်းလုံးမကျွတ်သေးသရွေ့ ဒီလိုပဲ “ကြေနပ်ဖွယ်ရာ မရှိသေးဘူး၊ အကောင်အထည်မဖော်သေးဘူး” စသဖြင့် စသဖြင့် အောက်ကလိအာ ဝေဝေဆာဆာ လေတွေဖွာနေကြဦးမှာပဲ။ ကွင်းလုံး ဘယ်လိုကျွတ်မှာလည်း၊ ဘယ်တော့ကျွတ်မှာ လည်း လို့တော့ လာမမေးနဲ့။ ကျုပ်တော့မကြည့်ရဲဘူးဗျ။ နှာခေါင်းရှည်တွေပဲ သိကြမယ့်အဖြေလေ။ သူတို့ဆီမှာနေခဲ့တုံး ဘာတွေလုပ်ခဲ့၊ တိုင်ပင်ခဲ့လည်းဆိုတာမှ ကျုပ်မသိတာ။ ကျုပ်တင်မဟုတ်ပါဘူး။ ဒီတိုင်းပြည်က ယောင်ခြောက်ရာ ( ယောင်ချာမှု တွေက များလွန်းတော့ ယောင်ခြောက်ဆယ်အစား ယောင်ခြောက်ရာ ထားလိုက်ကြရအောင်) CEC ဆရာကြီးတွေရော သိကြလို့လား။ နှာခေါင်းရှည်တွေနဲ့ တိုးတိုး တိုးတိုး လုပ်တိုင်းရော CEC ကြီးတွေကို လူရာသွင်း အဖြေရှင်းခဲ့ဘူးလို့လား။ ဆုတကာဆုတွေလည်း CEC ကြီးတွေ လားလားမျှ မကပ်နိုင်၊ မင်းသမီးဆီကကျလာမယ့် ဒေါ်လာအစအနကလေးရကြဖို့ ခခယယ ပသနေလိုက်ကြရတာ။ မင်းသမီးမျက်လုံးထဲမှာလည်း CEC ကြီးတို့ကို အထင်ကြီးရိပ်က လုံးဝမရှိ။ အဖျက်ခံရမယ့် ငြမ်းဘဝမှာတောင် အများသုံးအိမ်သာရောက်မယ့် အခြေအနေဗျ။ အစည်းအဝေးတွေမှာ မင်းသမီးမျက်စိဟာ ရှေ့ကိုသာ ကြည့်နေတယ်။ အာရုံက ရာဟုထောင့်မှာရှိတဲ့ မြောက်အမေရိကနဲ့ ဥရောပကို ရောက်နေတာ အရှင်းကြီးဗျ၊ အတွင်းစည်းလည်း သေချာလေ့လာကြပါဦး CEC တို့ရေ။ မြန်မာဆို အထင်မကြီးတဲ့ ဟာကြီးကိုမှ ခင်ဗျားတို့ ပသနေမိပြီ။
ဒီလိုပဲ၊ နှာခေါင်းရှည်တွေကလည်း တစ်ပြည်လုံးက ထောင်တွေအားလုံးဖွင့်ပေးရင်တောင်မှ သူတို့ဟာ မလွတ်သမျှ အပြစ်ကျအောင်ပြောနေကြဦးမှာဗျ။ ထောင်တွေထဲပြွတ်သိပ်နေအောင်ထည့်ထားဦးတော့၊ မင်းသမီးသာလွတ်နေရင် “မဆိုးပါဘူးပြောလာနိုင်တယ်” တကယ်တော့လည်း ဒီလူရှုပ်တွေဟာ ၁၉ ရာစုကတဲက ဒီမြေကိုမျက်စိကျနေကြတာ။ အပြိုင် အဆိုင် လုလာကြတာ။ တည့်သလို မတည့်သလို ဟန်ပြရန်ဖြစ်ပြပြီးမှ တစ်ယောက်တစ်ခြမ်းခွဲယူခဲ့တာတွေလည်း မနည်းတော့ ဘူး။ သူတို့အတွက် ဒီကစားကွက်က ရိုးနေပြီ၊ ဒီက မနူးမနပ်တွေသာ ရူးမတတ်အပြေးအလွှားဖြစ်၊ အာခေါင်ခြစ်လို့အော်၊ တစ်ယောက်ပေါ်တစ်ယောက်တက်နင်း၊ ဒါကို မျက်လုံးစင်းကြည့်နေတဲ့ မြေခွေးကပြုံး၊ နောက်ဆုံးတော့ “ဝ”လုံး ဆိုတဲ့အဖြေက မြန်မာတို့အတွက်ပေါ့လေ။
ဒါက သူတို့တွက်ကိန်း၊ မြန်မာတွေက ဒီလောက်မပိန်းဘူး။ သူတို့နဲ့ မပြတ်ရင်ဆိုင်ခဲ့ရတဲ့ တပ်မတော်က ဒါကို သိတယ်။ ဒီတော့ သူတို့က တပ်မတော်နဲ့ပြည်သူ အကြား၊ အမုန်းပွားအောင်လုပ်၊ ရှင်းထုတ်ဖို့ကြိုးစားတော့တာပဲ။
ဒီတော့ လင်းကြရအောင်၊ နိုင်ငံတော်က ပြောတာရှင်းတယ်။ “ရိုးသားတဲ့နိုင်ငံသားတွေ အကျဉ်းကျခံစိတ်မျိုး ကာလကြာရှည်မခံစားရစေဖို့၊ နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေမယ့် နိုင်ငံသား များ အဖြစ်ကိုပြောင်းလဲပေးနိုင်ဖို့နဲ့ နိုင်ငံတော်ရဲ့မေတ္တာနဲ့စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုးနဲ့ ၂၀၁၀ ပြည့်နှစ်အတွင်းကျင်းပမယ့် တရားမျှတသောရွေးကောက်ပွဲတွေမှာ အများပြည်သူတို့နဲ့အတူ နိုင်ငံတော်အကျိုးကို ထမ်းရွက်သွား နိုင်ကြစေဖို့ ” တဲ့ဗျ။ ရှင်းလိုက်သမှ တပ်ထားတဲ့ မျက်မှန်တောင် လွှင့်ပစ်ချင်သွားလောက်တယ်ဗျား။ (၁) ရိုးသားတဲ့နိုင်ငံသား (၂) နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေမယ့် နိုင်ငံသား (၃) နိုင်ငံတော်ရဲ့မေတ္တာနဲ့ စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုးနဲ့ ၂၀၁၀ ပြည့်နှစ်အတွင်းကျင်းပမယ့် တရားမျှတသောရွေးကောက်ပွဲတွေ မှာ အများပြည်သူတို့နဲ့အတူ နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်မယ့်နိုင်ငံသား။
ဒီလိုလူတွေကို လွှတ်မှာ ၊ မြွေတစ်ကောင်မှ လွှတ်လို့်မဖြစ်ဘူး။ အဲဒီတော့ နှာခေါင်းရှည်တွေရော၊ နှာတို သူယုတ်တွေ ရောသိကြတော့ပေါ့။ ဒင်းတို့ လွတ်စေချင်တဲ့သူတွေဟာ အပေါ်က (၃)ချက်နဲ့ ညီသလား၊ ညီရင် ပြီးစေ၊ အိမ်မှာထိုင်နေလိုက်ကြ၊ အပေါက်ဝ ရောက်လာကြလိမ့်မယ်။ မညီရင်တော့ ဘန်ဘန်၊ ဂမ်ဂမ် ၊ လန်ဒန်၊ ကန် ၊ ဘာမှ နားမလည်၊ ၂၀၁၀ဟာ ကျုပ်တို့ ပြည်သူလက်ဝယ်မှာပဲ ရှိတာမို့။ အထဲကမြွေ အပြင်ထွက်မလာစေဖို့ ကျုပ်တို့ အင်အားကိုစု အပေါက်ဝ ဖင်ခုထိုင်ထားမယ်ဆိုတဲ့ အကြောင်း ထပ်လောင်းပြောလိုက်ပါရစေ။
(အောင်ဘု)

Sunday, February 22, 2009

ဆင်----ခွေးမျှော်၊ နောက်တော်ပါး အစုတ်အပဲ့ များစွာနဲ့ -----အိုဘဲ့---ကင်တာနာ
ဟဲဟဲ--- သောမတ်အိုဟေးကင်တာနာ ဆိုတဲ့ မီးပွားကအနားရောက်နေတော့ ဗရုတ်သုက္ခတွေက ပုပ်ပွနေတဲ့ လောင်စာတွေကို ပြန်အသက်သွင်းဖို့ ကြံစည်လာပြန်တော့တယ်။ ကင်တာနာကြောင့်ပဲ ထောင်နံရံတွေဖွင့်ရတော့မလို၊ ရာဇဝတ်သားတို့ရဲ့ ကယ်တင်ရှင်ကြီးရောက်လာလို့ ငလျင်ကြီးပဲလှုပ်တော့မလို။ ဟားဟား--- အမှန်တော့ ကင်တာနာဟာ ဘာကောင်မှမဟုတ်ဘူး။ သူများအိမ်ပြူတင်းပေါက် လိုက်ချောင်းတဲ့ မနူးမနပ်ဆယ်ကျော်သက်ကလေးလို့ပဲ ကျုပ်တော့မြင်တယ်။ သူများအိမ်လိုက်ချောင်း၊ စား--စားပြန်ပြီ၊ သွားပြန်ပြီ၊ ထိုင်--ထိုင်ပြန်ပြီ၊ အိပ်--အိပ်ပြန်ပြီ၊ လျှောက်စွက်ဖက်မယ်၊ ဆရာလုပ်မယ်၊ ဒါပဲ။ တကယ်တော့ ကင်တာနာ ဟာ သူ့မိသားစုအပေါ်တောင် တာဝန်တွေကျေနိုင်ခဲ့ရဲ့လား မပြောနိုင်ဘူးဗျ။ အခုတော့ သူများနိုင်ငံလာပြီး ဆရာကြီးလုပ်နေလိုက်တာ။ထောင်ထဲရောက်နေတဲ့ ထောင်ကျနေတဲ့ ပုဂ္ဂိုလ်တွေကို “ကျေနပ်ရဲ့လား” လိုက်မေး၊ မကျေနပ်ဘူးလို့မပြောမချင်း တစ်မျိုးပြီးတစ်မျိုးပြောင်းပြီးမေး၊ မကျေနပ်ဘူး၊ အဆင်မပြေဘူး ဆိုတဲ့ အဖြေရမှပဲ နောက်တစ်ယောက်ဆီ ကူးလေတော့လည်း ဘယ်လိုလုပ် လွတ်တော့မှာလည်း။ ဒီလိုမျိုးမေးလို့ကတော့ အဖေနဲ့ သားတောင် ထ ရိုက်ကြရဖို့ပဲရှိတော့တယ်။ လူဆိုတာတော့ ကိုယ့်ဘာသာကိုယ် ချော်လဲတာတောင် မြေကြီးအပြစ်တင်တတ်ကြတဲ့ အမျိုးဆိုတာကို ကင်တာနာ မသိတာတော့ မဟုတ် လောက်ဘူး။ ကျုပ်တို့ ရပ်ကွက်ထဲက စကားလိုပြောရရင် “ခွေးဝမ်းသာအောင် လေလည်ပြရတဲ့ သဘောနေမှာပါ” ။ သူ့ခမျာလည်း မြန်မာပြည်က ပြန်လာရင် အနည်းဆုံး ခွေးသားရေပုရပိုဒ်တစ်ချပ်လောက်တော့ ပါမှ တည်မြဲမှာကိုးဗျ။ “မြန်မာပြည်ကပြန်လာတယ်။ ထောင်ကျအကျဉ်းသားတွေက အားလုံးပျော်ရွှင်ဝမ်းသာနေကြတယ်” ဆိုလို့က တော့ ကင်တာနာ အတွက် နောက်တစ်လ လစာထုတ်ဖို့ cheque က တာ့တာပြသွားမှာလေ။ သနားပါတယ် သူ့ခမျာ။ ကိုယ်ချင်းစာပေးရမှာပေါ့။ ဒါပေမယ့် အခွင့်ကောင်းတော့မယူနဲ့၊ တော်ရုံလုပ်၊ ပြဿနာရှာရင်တော့ dinner ထဲ သဲထည့် ကျွေးပစ်လိုက်မှာ။ မြန်မာ့ စိတ်ဗျ။ စော်ကားလာလို့ကတော့ ဘယ်နိုင်ငံသား ဘယ်အဖွဲ့ ဖြစ်စေ ကြည့်မှာမဟုတ်ဘူး။ လုပ်ပစ်လိုက်မှာ။ ကင်တာနာကြီးအမြင်ရှင်းနိုင် မနိုင်တွေးကြည့်တယ်၊ သိပ်မနိပ်ပါဘူးဗျာ။ ကဲ---တောဘက်ကရွာတစ်ရွာ ကင်တာနာရောက် သွားတယ်ဆိုပါစို့၊ မိုးလင်းလို့ ရွာသားတွေ ရွာပြင်ကို အုပ်စုလိုက် ခပ်သုတ်သုတ်ထွက်သွားကြမယ်ဗျာ။ ကင်တာနာကြီး ဘာတွေးမလဲ။ အစိုးရက ရွာသူရွာသားတွေကို ဖိစီးမှုတွေပေးထားလို့ ရွာသားတွေမှာ ပူပင်သောကတွေနဲ့ ပျာယီးပျာယာ ဖြစ်နေကြတယ်လို့တွေးမှာ။ သူ့ကိုသွေးထိုးထားတာတွေက ရှိနေမှာကိုး။ အမှန်တော့ ယင်လုံအိမ်သာ မဆောက်နိုင်ကြသေးလို့ တောထိုင်ဖို့ ပြေးကြတာပါ။ ကင်တာနာ့မှာ ဒါတွေကို နားလည်နိုင်လောက်တဲ့ အသိမရှိနိုင်ဘူးလေ။ နောက်တစ်ခု----ရွာဘုရားပွဲမှာ ပိုက်ဆံကြဲကြတော့ ရွာသားတွေက လုကြယက်ကြ လိုက်ကောက်ကြတယ်။ ကင်တာနာ ဘာတွေးမလဲ။ (၁) သူကြောက်သွားမယ်။ လူတွေက သူ့ကိုပါ တွန်းထိုးကောက်ကြမှာကိုး။ (၂) ဒီလောက်ပိုက်ဆံကလေးကိုတောင်မှ လုယက်ကောက်နေကြတယ်ဆိုတော့ မြန်မာနိုင်ငံမှာ အရမ်းကြီး ငတ်ပြတ်နေကြပြီ လို့သုံးသပ်မယ်။(၃) အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ လူတွေဟာ အကြမ်းဖက်ချင် လောက်အောင် ဒုက္ခရောက်နေပြီလို့ ရေးမယ်။ (၄) အတည်ပြုဖို့ တစ်ခြားလူတွေကို မေးမယ်။ အမေးခံရတဲ့လူတွေက ဟုတ်တယ်၊ ပွဲပျက်နေပြီလို့ဖြေမယ်။ ဒါက ကင်တာနာရဲ့ ကိစ္စ။ မြန်မာဘက်ကတွေးကြရအောင်၊ (၁) အလှူမှာကြဲတဲ့ ပိုက်ဆံဟာ သန့်ရှင်းမွန်မြတ်တဲ့ ပိုက်ဆံဖြစ်တယ်၊ လာဘ်ကောင်းတယ်။ ရလို့ဘုရားစင်မှာ တင်ထားရင် နောက်ထပ် ဝင်လာမစဲ တစ်သဲသဲ ဖြစ်မယ်။ ဒါကြောင့် ကင်တာနာမကလို့ ကင်တာနာ့ အဖေလည်းမရှောင်နိုင်ဘူး၊ ကိုယ်ဦးအောင်ရဖို့အတွက် ကိုင်ထုတ်ပစ်လိုက်မယ်၊ ဒီလိုတွေးတယ်။ (၂)အလှူပိုက်ဆံ ဟာ အရေအတွက် အဓိကမဟုတ်ဘူး။ အနိမ့်ဆုံးအကြွေကအစ ဘာရရ ရဖို့သာအဓိကဖြစ်တယ် (၃)ဘုရားမှာကြဲတဲ့ ပိုက်ဆံကောက်ရင်း ကွဲပြဲသွားစေဦးတော့ တစ်ယောက်တစ်ယောက် အပြုံးမပျက် ခေါ်နိုင်ပြောနိုင်တယ်၊ အကြမ်းဖက်မှုလို့ လုံးဝ မသတ်မှတ်ဘူး။ (၄)ကင်တာနာ မေးမယ့်လူတွေက အစိုးရကို မလိုမုန်းထားသူတွေမို့၊ ကြက်ဖကြီးနေမကောင်းလို့ တွန်သံ နည်းနည်းနောက်ကျတာတောင် အစိုးရကို အပြစ်ဖို့တတ်တဲ့သူတွေမို့ ကင်တာနာရဲ့ ဝေဒနာကို မီးထိုးပေးပြီး ရွဲ့စောင်းနေတဲ့ အစီရင်ခံစာကြီးကို ပေါလစ်(polish)တင်ပေးကြမယ်။
ကဲ-- နောက်တစ်မျိုးကြည့်ရအောင်။ ရွာမှာ ရပ်ကွက်ထဲမှာ သန့်ရှင်းရေးလုပ်ကြတယ်။ ခုတ်ကြထွင်ကြ လှဲကြကျင်းကြနဲ့ပေါ့။ တစ်ချို့ပျင်းတဲ့ကောင်တွေက ဝေးရာချောင်မှာ ရှောင်နေပြီး မှောင်သလေး စောသလေး၊ လက်ကလေးပေါ် မေးထမ်းလို့ လုပ်ငန်းကို ကဲ့ရဲ့ ရှုတ်ချမယ်။ ရေကန်တူးကြတယ်၊ ရေအဆင်ပြေပြီးသားတစ်ချို့က မလုပ်ချင်။ လူရှင်းရာအရပ် မြေမှာကျောကပ်လို့ လုပ်ငန်းကို ကဲ့ရဲ့ ရှုတ်ချမယ်။ ဒီလိုကိစ္စတွေမှာ ပြန်ကြည့်ရမှာက အကျိုးရှိသူက ဘယ်လောက် ပျင်းရိသူက ဘယ်လောက် ဆိုတာပေါ့။ လိုအပ်ရင်တော့ ကုတ်(ဂုတ်)ကဆွဲပြီး လုပ်ခိုင်းရမှာပဲ။ ဒီလိုနေရာမျိုးကို ကင်တာနာကြီးရောက်လာပြီဆိုပါတော့။ သူက လုပ်သူတွေဆီ သွားမှာ မဟုတ်ဘူး။ ရှုံ့တွ ကုတ်ကွ အပုပ်ချသမားတွေ ဆီကိုသွားပြီး လုပ်အားခရသလား၊ ဆန္ဒရှိလို့လုပ်တာ လား၊ အတင်းအဓမ္မခိုင်းတာလား မေးမယ်။ ကဲ--- အဖြေဘာရမလည်း၊ ကြိုသာရေးချလိုက်တော့၊ ခရီးမသွားနဲ့၊ စရိတ်ကုန်တယ်။အဲဒါပဲ။ ဒီလိုဥပမာတွေများစွာရှိနိုင်တယ်။ ဒါကိုကြည့်ရင် ဘယ်လိုလုပ် ဒီပုဂ္ဂိုလ်က မြန်မာနိုင်ငံအကြောင်း မှန်မှန် ကန်ကန်တင်ပြနိုင်မှာလည်းဆိုတာ သံသယပွားစရာတွေ တစ်ပုံတစ်ပင်။ သူက ဒီနိုင်ငံအကြောင်း ဘယ်တုံးက ဘယ်လောက် သိခဲ့လို့တုံး။ အချက်အလက်တွေရဖို့ မြန်မာတွေကိုပဲ မေးတာပါ လို့ ပြောရအောင် သူမေးတဲ့သူတွေက ဘယ်သူတွေတုံး။ အဲဒီတော့ ကျုပ်ကတော့ ပြောလိုက်ချင်တယ်။ “ ဒါလိမ်ဆင်ကြီး”ဗျ။ ဒီလိုပဲ။ ထောင်ကျတဲ့သူတွေက ထိမ်းသိမ်းသူတွေကို အကောင်းပြောနေမှတော့ ထောင်မှာ တံခါးတပ်စရာတောင် လိုတော့မှာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်တာနဲ့ တရားခံက “သူမှားပါတယ်” ဆိုပြီး ထောင်ထဲကို အသာကလေး ဝင်ထိုင်၊ နှစ်ပြည့်ပြီ ဆိုမှ ပြန်ထွက်လာခဲ့။ တရားသူကြီးတွေကလည်း တရားရုံးထိုင်စရာ မလိုပဲ အိမ်တွေမှာ ရေနွေးကြမ်းသောက်ရင်း တရားခံကို “မောင်မင်းကတော့ ထောင်ထဲမှာ ၅ နှစ်သွားနေ၊ ၁၀ နှစ်သွားနေ၊ အိမ်ကိုလည်း ခဏခဏ ပြန်မလာနဲ့ဦး ” စသဖြင့် ထန်းလျက်ခဲကိုက်ရင်း ဆုံးဖြတ်။ အားလုံး OK ပဲဗျာ။ အချုပ်ကားတွေကို Taxi ဆွဲ၊ ရဲ က ပွဲထဲမှာ လူပြက်လုပ်၊ ရှေ့နေအုပ်စုက တရားရှုလို့ ဘာဝနာပွား၊ တရားသူကြီးက ခေါင်းပေါင်းကြီးနဲ့ “မီးဘေးရှောင် မလောင်ခင်တား” သီချင်းကိုညည်း၊ ကဲ---ပြီးပြီ--ကောင်းလိုက်လေဗျာ၊ ဒါတောင်လွတ်ပါ့မလား မသေချာ။ အစိုးရလုပ်လို့ လူတွေ ရူးကုန်ပါပြီ ဆိုပြီး စွပ်စွဲမလား တွေးရသေး။ ကင်တာနာကြီးတို့ တိုင်းပြည်မှာရော ဒါမျိုး လုပ်နိုင်ပြီလား လို့လည်း မေးကြည့်ချင်တယ်။ ဘာဖြေဖြေ ကျုပ်ကတော့ မှန်မယ်လို့ မထင်ပေါင်။ အမေရိကန်ခိုင်းတိုင်းလိုက်လုပ်နေရတဲ့ပုဂ္ဂိုလ်တွေမဟုတ်လား။ ကျူးဘားပင်လယ်အော်က ဂွာတာနာမို အကျဉ်းစခန်းကိုတော့လူ့အခွင့်အရေးကိုယ်စားလှယ်ကြီးတွေ လာကြည့်ဖို့ ဖိတ်မယ်မထင်ဘူးဗျ။ ဒါကျတော့ သူ့နိုင်ငံလုံခြုံရေး တဲ့၊ မြန်မာနိုင်ငံလုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ရေးအတွက် မြန်မာအစိုးရကလုပ်တာကိုကျတော့၊ လူ့အခွင့်အရေးနဲ့ မညီဘူး-----တဲ့ဗျ။ နိပ်ဟ။ ကဲပါကင်တာနာကြီးရေ၊ မယောင်ရာ လာဆနွင်းလူးမနေနဲ့၊ ရွာက စကားပုံနဲ့ ပြောရရင်တော့ “ဆင့်ဟိုဟာ အနာ လုပ်မနေနဲ့”လို့ပြောရမှာပေါ့။ အဲဒီဟာက နဂိုကတည်းက ဒီအတိုင်းပဲဟ ကင်တာနာကြီးရ။ အချိန်ကုန်တယ်။ မြန်မြန်သာပြန်၊ နင်လည်းပြောချင်ရာပြော၊ မြန်မာတွေကလည်း မြန်မာ့ထုံးစံအတိုင်းသွားမှာပဲ။ မြန်မာတွေ အကြောင်းသိဖို့ ဒီတစ်ခေါက်အပြန် ၊ စာအံသံ ကက်ဆက်နဲ့ဖမ်း၊ သူငယ်တန်းဖတ်စာကိုခါးကြားထိုး၊ ခပ်ရိုးရိုးလေးပဲ အားခဲကြည့်လိုက်၊ မမိုက်နဲ့တော့ ကင်တာနာ။ ထို့အတူပဲ မြန်မာပြည်ထဲက “ဆင်---ခွေးမျှော်” အဖွဲ့တွေကလည်း ကင်တာနာကြီးကိုမော့မနေနဲ့၊ ဆော့စရာရှားလို့ ဒါကြီးက လည်း ဒါမျိုးပဲ၊ ထူးစရာမရှိ သိဖို့ကောင်းနေပြီ။ ကဲ---- အရပ်ကတို့ရေ။ ကင်တာနာမပါတဲ့ ၂၀၁၀ ၊ စောင့်နေမယ်ဆိုတာ အသေအချာကြီးပါ။(အောင်ဘု)

Wednesday, February 4, 2009

ဂုဏ်ယူပါသည် ဂမ်ဘာရီ၊ မြန်မာပြည်သူတွေက သင့်ကို ကြိုဆို ကောင်းချီးပေးပါသည်


မဲမှောင်ပြီး အဖိုးတန်တဲ့ ကျောက်ရိုင်းတုံးတစ်တုံး စကြဝဠာကနေ ကမ္ဘာမြေပေါ်ကျလာသလိုပဲ မစ္စတာဂမ်ဘာရီ တစ်ယောက် မြန်မာပြည်ကို ရောက်လာခဲ့ပြန်ပြီဗျ။
မြန်မာတွေ ကိုယ့်သမိုင်း ကိုယ်မရေးနိုင်တာတော့ မဟုတ်ဘူး။ ရေးနိုင်တယ်။ ဒါပေမယ့် ရေးနေတဲ့စာမျက်နှာကို အညစ် အကြေးရည်နဲ့လောင်းလိုက် ၊ မီးနဲ့တို့လိုက် လုပ်ပြီး ရေးတဲ့သူတွေ အနှောက်အယှက်ဖြစ်အောင် ရေးတဲ့စာတွေ အရာမထင်အောင် လုပ်နေသူတွေရှိလာတော့လည်း ကျုပ်ပြောတဲ့ မဟူရာရတနာရဲ့ အကူအညီ လိုလာပြန်တော့တယ်။ အညစ်အကြေးရည်လောင်း၊ မီးရှို့တဲ့သူတွေက သမိုင်းစာရွက်ပျက်အောင်တင် လုပ်တာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့မဟူရာတုံးကြီးကိုပါ အညစ်အကြေးရည်နဲ့လှမ်းပက်၊ မီးနဲ့အပူတိုက် လုပ်လာကြတော့ တယ်။ အဲဒီတော့ မြန်မာ့မြေပေါ်ရောက်လာတဲ့ မှော်ဝင်မဟူရာတုံးကြီးမှာ အညစ်အကြေးတွေ တစ်ခါတစ်လေ ကပ်ပါလာတတ်သလို တစ်ခါတစ်လေ မီးပွားအစအနလေးတွေ ကပ်ပါလာလို့ ကျုပ်တို့ ပြည်သူတွေက သန့်ရှင်းရေး လုပ်ကြရပြန်တယ်။ ဒါလေးများ မပင်ပန်းပါဘူးဗျာ ဆိုပေမယ့် ကြာတော့လည်း တင်းလာတယ်။
ဟိုလူက လာကတည်းက ဒီလိုပါ၊ ဒါလုပ်ကြရအောင် ဆိုနေတာကို ဒီလိုမဟုတ်ဘူး၊ ဟိုလိုလုပ်ချင်တယ် လုပ်ပြန်တယ်။ အစကတော့ ကမ္ဘာ ကမ္ဘာ နဲ့ ပြောလိုက်ကြတာ၊ အဲဒီ သူတို့် ပြောတဲ့ ကမ္ဘာက ဖြစ်သင့်တာတွေ လုပ်သင့်တာတွေ ပြောလာပြန်တော့ မဟုတ်ပြန်ဘူးတဲ့ လုပ်ပြန်တယ်။ အော-- လက်စသတ်တော့ ဒင်းတို့က ဒင်းတို့ဖြစ်ချင်တာကိုပဲ ပြောစေချင်တာကိုး။ ဖြစ်သင့်တာကိုမှ လက်မခံချင်ပဲကိုး။ သိလိုက်ရပါပြီလေ။
မတန်မရာ ပစ္စည်းတစ်ခု ကောက်ရတဲ့သူလိုပါပဲ။ သူတောင်းစား ရွှေခွက်ကောက်ရသွားခဲ့သလိုမျိုးပေါ့။ တစ်ချို့က တင်စား တာကျတော့ အပေါစားဗိန္ဓောဆရာတဲ့။ NLD ဟာ ပြည်သူတွေ ၁၉၉၀ ဆိုရှယ်လစ်နှာစေး ရောဂါစွဲကပ်ချိန်မှာ အပေါစားဆေးမြီးတိုနဲ့ကုပေးနိုင်ခဲ့တဲ့ ဗိန္ဓောဆရာလို အချောင်နာမည်ရခဲ့တယ်။ အပေါစားဗိန္ဓော ဆရာလက်၊ သမီးမဆက်နိုင်သလို NLDဟာလည်း ပြည်သူကိုအုပ်ချုပ်ဖို့မတန်ကြောင်း ရိပ်စားမိတဲ့ တပ်မတော်ဟာ ရောဂါကိုအပြီးတိုင်ပျောက်ကင်းစေမယ့်၊ ပြည်သူအတွက် သင့်တော်ရာ ဆေးကောင်းဖြစ်တဲ့ “စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ” ကို ရှာဖွေအပ်နှင်းပြီး ဆေးမြီးတိုသမားကို နားစေခဲ့တယ်။ လုံးဝကြီးနားစေခဲ့တာတော့လည်း ဟုတ်မထင်ဘူး။ ရောဂါသေးလေးတွေတော့ ကုသခွင့်ပေး သလိုမျိုး ထိုက်သင့်သလောက်တော့ ပါဝင်ခွင့်ပေးဖို့ပဲ။ ဒါကိုမှ မရောင့်ရဲနိုင်တော့လည်း ခွက်ဆွဲပြီး ထွက်စေဖို့ အဝေးကိုနှင်ရတော့ မှာပေါ့လေ။
တစ်ချို့အတွေးနဲ့ပြောရရင်တော့ ပိုင်ရှင်ရင်းဆီရွှေခွက်ပြန်အပ်လိုက်ရတဲ့ သူတောင်းစားလိုပဲ NLD ဟာလည်း အရပ်တကာ လှည့်လို့ ငိုကြီးချက်မနဲ့ ကယ်ပါယူပါ ပြောတာပေါ့လေ။ အစပိုင်းကတော့ ဟုတ်တုတ်တုတ်ဗျ၊ နည်းနည်းယုံကြတယ်။ နောက်တော့ သိလာကြပြီ။ ပိုင်ရှင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေ ဒင်းက မပြနိုင်တော့လည်း သူအားကိုးတဲ့ ကမ္ဘာကကို ပြောလာပြီ။ “ ရွှေတုံးတော့ ပြန်မတောင်းနဲ့တော့။ တောင်းလည်း မရနိုင်ဘူး၊ နင်နဲ့တန်တဲ့ မုန့်ဖိုးပဲဖိုးလောက်နဲ့ကျေနပ်တော့” တဲ့။
သူ့ကို အပေါစား ဗိန္ဓောဆရာအဖြစ်မြင်တဲ့ သူတစ်ချို့ကပြောတာကတော့ “ရောဂါကြီးကုဖို့ နင့်မှာ ပညာမရှိ၊ နောက်တစ်ခါ နှာစေးမည့် အချိန်ကိုသာစောင့်ပေတော့”တဲ့ဗျ။ ဟဲဟဲ ---ရယ်စရာကြီးဗျာ။ ပြည်သူတွေနှာစေး စေဖို့ ဆောင်းနှစ်ခါကျပါစေလို့ ဘုရားမှာ ဆောင့်ကြောင့်ထိုင် ဆုတောင်းနေမယ့် NLD CEC ကြီးတွေကို မြင်ယောင်ပြီး အူနှိပ်နေရတယ်။
ဂမ္ဘာရီလာတယ္ဗ်ာ။ (၅)ခ်က္ယူလာတယ္တဲ့။ ရွေးကောက်ပွဲကို အောင်မြင်ပြီးမြောက်စေဖို့ ဘာတွေကူညီ ရမလည်းတဲ့။ သန့်ရှင်းအောင် လုပ်ပေးမယ်တဲ့။ ပြဿနာမရှိဘူး။ သန့်ပြီးသားဆိုတာ သူမသိလို့ဖြစ်မှာပါ။ စီးပွားရေးကိစ္စ ကူညီမယ်တဲ့။ သိပ်ကောင်းပေါ့။ ပြည်သူတွေဝမ်းသာမှာလေ။ NLD နဲ့ မယ်မင်းကြီးမ ဝမ်းမသာ နိုင်တာတော့ နားမလည်ဘူး။ ကြည့်ရတာကတော့ ပြည်သူတွေ ချို့တဲ့ရင် အစိုးရကို ပြဿနာရှာလိမ့်မယ် ပေါ့လေ။ လုပ်ပုံက--လုပ်ပုံက။ သူနိုင်ငံရေးအသာစီးရစေဖို့ သန်းနဲ့ချီတဲ့ပြည်သူတွေကို ကျပ်တည်းစေတဲ့ စေတနာရှင်ကြီးပေါ့လေ။ ဒါလား-- Mandate ။ အဲဒါကြောင့် သူများတွေက အချောင်နာမည်ရသွားတဲ့ ဗိန္ဓောဆရာ ဆိုပြီး ပြောတာဖြစ်မယ်။ စေတနာမှမမှန်ရှာပဲကိုး။ သေချာတာက လေနာတာလောက်ပဲ ပျောက်မယ့် အပေါစားဆိုတာပဲ။
အားကစားသမားသာဖြစ်မယ်ဆိုရင်လည်း ပြိုင်ဘက်အနိုင်မရစေဖို့ ခြေထောက်ကုန်းကိုက်တဲ့ အမျိုးပဲဖြစ်မယ်။ ပြေးပါလား၊ ပြိုင်ပါလား။ အဲလိုမလုပ်ဘဲ ပန်းတိုင်ကိုအသာထား၊ သူများခါးကိုဆွဲထားဖို့ ကြံစည်သူတွေ၊ ဉာဏ်မမီသူတွေ ၊ ဒီလူတွေနဲ့ ပြည်သူ့အာဏာ မတန်ကြောင်း ကျုပ်တွေ့တယ်။ ကျန်သူတွေ တွေ့အောင်လည်း ပြရမယ်။
အော်- ဘာတဲ့။ သဘောထားကြီးစွာနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကို ပထမဆုံးတောင်းဆိုတယ်တဲ့။ ဟုတ်မှာ--ဟုတ်မှာ။ ကိုယ်လွတ်ဖို့ အရင်ဆုံးတောင်းဆိုတာကို သဘောထားကြီးတာလို့ နားလည်ပေးရမယ်တဲ့ လား။ ရပါတယ်ဗျ။ ရပါတယ်ဗျ။ လွတ်ပြီးရင်တော့ ကိုယ့်ပထွေးအိမ် ကိုယ်ပြန်ရမှာနော။ ဒီလောက်အတ္တကြီးတဲ့ ဟာကြီး ရာထူးနီးနီးတော့ မထားနိုင်ပေါင်။ ဟိုက်ရှားဘား---သူကပြောသေး၊ သူလွတ်မှပဲ စီးပွားရေးအကူအညီ ကိစ္စ စဉ်းစားပေးပါတဲ့။ Professional ပြန်ပေးသမားနဲ့တောင် တူနေပြီ။ အကျပ်ကိုင်တယ်ကျွမ်းပါလား။ ဓားစာခံက သန်းနဲ့ချီသောပြည်သူတွေပေါ့လေ။ ကမ္ဘာပေါ်မှာ ဘယ်ပြန်ပေးသမားမှ လူသန်းနဲ့ချီပြီး ဓားစာခံ မလုပ်ဖူးသေးဘူးဗျ။ Genius ပဲ၊ ဉာဏ်ကြီးရှင်မို့ လေးစားထိုက်ပါပေတယ်။
မဟူရာရတနာတုံးကြီး မစ္စတာဂမ်ဘာရီတော့ သဘောပေါက်သွားပြီ။ အညစ်အကြေးတွေကိုလည်း သူဆေးကြောနိုင်ပြီ။ အပူတိုက်တာတွေကိုလည်း သူရှောင်နိုင်ပြီ။ “ဂုဏ်ယူပါသည် ဂမ်ဘာရီ၊ မြန်မာပြည်သူ တွေက သင့်ကို ကြိုဆို ကောင်းချီးပေးပါသည်” ဒီလိုပဲပြောလိုက်ချင်တော့တယ်။ ကျုပ် --အောင်ဘုပါ။
(အောင်ဘု)

Sunday, February 1, 2009

ညောင်ဦးကမ်းပါးပြိုလို့ ပေါင်ကျိုးရတဲ့ စမ္မာနဂိုရ်က နွားမကြီးအကြောင်း

တတ်လည်းတတ်နိုင်ကြပါပေ့ဗျာ။
ထိုင်းနိုင်ငံရေတပ်က သူတို့နိုင်ငံထဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီကုလားတွေကို လက်မခံဘဲ ပြန်လွှတ်လိုက် တဲ့အပြင် နောက်ပြန်မလာနိုင်အောင်ဆိုပြီး လှေကစက်တွေကိုဖြုတ်ပြီးမှ ပြန်လွှတ်လိုက်တယ်တဲ့။ ကြားရစက တော့ ရက်စက်လှချေလားဆိုပြီး တစ်မျိုးလေးဖြစ်ရပေမယ့် ထိုင်းက တာဝန်ရှိသူတစ်ယောက် ပြောစကားကြားရ တော့လည်း သူတို့ကို ကိုယ်ချင်းစာမိပါတယ်။ သူပြောတာက သူ့နိုင်ငံမှာလည်း စား၊ ရေ၊ ရိက္ခာကအစ သူ့အတိုင်းအထွာနဲ့သူမို့ သူတို့နိုင်ငံကိုတော့ မလာကြပါနဲ့တဲ့ ပြောလာပါတယ်။ ဟုတ်တာပေါ့။ သူ့နိုင်ငံသား လူဦးရေနဲ့ သူ့စားနပ်ရိက္ခာ တွက်ချက်ထုတ်လုပ်ထားမှာကိုး။ ဝင်လာတဲ့လူတွေမှာလည်း အလုပ်လုပ်နိုင်သူက ဘယ်လောက်ပါလို့ ထိုင်စားမယ့်သူက ဘယ်လောက်ပါမှန်းမပြောနိုင်ဘူးမဟုတ်လား။ ထားပါတော့လေ။
အဓိပ္ပါယ်မရှိတာက ဒီအစုတ်ပလုတ်ဘင်္ဂါလီကုလားတွေကို သူတို့လောက်မှ မချမ်းသာတဲ့၊ ဆင်းရဲလှပါချည်ရဲ့လို့ သူတို့တစ်ပြောတည်းပြောနေကြတဲ့ ကျုပ်တို့မြန်မာပြည်ဆီ တွန်းပို့နေတာကိုမကြိုက်တာ။ ဆင်းရဲတယ်ဆို၊ စားနပ်ရိက္ခာ မလုံလောက်ဘူးဆို၊ အခုကျတော့ ထပ်ပြီးကျွေးဖို့လူတွေတင်သွင်းပြန်ပြီလား။ ယုတ္တိမရှိလိုက်တာ။ ကျုပ်တို့မြန်မာမျိုးထဲမှာ အဲလောက်စုတ်ပြတ်တဲ့၊ ကျက်သရေယုတ်တဲ့အမျိုးတွေ မရှိခဲ့ဘူးဗျ။ ဘယ်ကကြည့်ကြည့်၊ ညာကကြည့်ကြည့် မီးသွေးခဲ ပုံသွင်းထားသလို ဘယ်လိုမှ ပုံဖော်လို့မရတဲ့အမျိုးက မြန်မာနိုင်ငံထဲကတဲ့လား။ ကြံကြီးစည်ရာဗျာ။ ဒီကောင်တွေဟာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်္ဂလိပ်တွေက သူတို့ရဲ့ဆန်စပါးထုတ်လုပ်မှုလုပ်ငန်းအတွက် တင်သွင်းလာတဲ့ လယ်ကူလီတွေသာလျှင် ဖြစ်တယ်။ ကူလီမျိုးသာဖြစ်ပြီး မြန်မာမျိုးမဟုတ်တာ အထင်အရှားပဲ။ အင်္ဂလိပ်ပြန်လျှင် သူတို့လည်းပြန်ကြပေါ့။ အနေကြာတိုင်း နိုင်ငံသားဖြစ်ကြရတော့မှာလား။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာကို ကျုပ်တို့ တိုင်းရင်းသား တွေကသာလျှင် ဆုံးဖြတ်မယ်ဗျ။ အပြင်က ဝင်မရှုပ်ကြနဲ့။ ရှုပ်တယ်ဗျာ။ တစ်ခါတည်း အဖြေပေးလိုက် မယ်။ NO ပဲ။ ကမ္ဘာတည်သရွေ့ NO ပဲ။
ကျုပ်တို့နိုင်ငံသားတွေ အပင်ပန်းခံ ဖော်ထုတ်ထားတဲ့ လယ်မြေတွေဟာ သူတို့အတွက် မဖြစ်နိုင်ဘူး။ ဘုရားပေးလို့ရလာတဲ့ သယံဇာတတွေဟာ သူတို့အတွက်မဖြစ်နိုင်ဘူး။ အမျိုးချင်းတူပါတယ်လို့ ဘယ်သူ့သွားမေး မေး မငြင်းနိုင်တဲ့ သူတို့ရဲ့ဘင်္ဂလားပြည်ကိုပြန်ကြပါလား။ အဲဒီတိုင်းပြည်ကလည်း ကိုယ့်အမျိုးကိုယ်ပြန်ခေါ်ကြ ပါလား။ ဒီလိုအလွယ်လေးငြင်းရုံနဲ့ ပြီးကြရောလား။
မြန်မာတွေဟာ ဖော်ရွေတယ်။ ။ ကူညီတတ်တယ်။ ဧည့်ဝတ်ကျေပွန်တယ်။ ဒါကမ ၻာသိပဲ။ ဒါပေမယ့် ဧည့်သည်စစ်မှ ဧည့်ဝတ်ကျေနိုင်တော့မပေါ့။ အိမ်ဦးတက်လာပြီး နေရာဦးမယ့် ဟာမျိုးတွေကို ငြင်းဆန်ဖို့လည်း ဝန်မလေးဘူးဗျ။ ထစ်ကနဲရှိ မြန်မာ၊ ထစ်ကနဲရှိမြန်မာနဲ့ လုပ်နေကြတော့ ခက်သားလား။ အားနာပါးနာနဲ့ လက်ခံပေးရလောက်အောင်ကလည်း ကျက်သရေမရှိလိုက်တာဗျာ။ ဒါကြီးတွေ လက်ခံမယ့်အစား မီးဖိုချောင်က လက်နှီးစုတ်သာ ဖက်အိပ်လိုက်ချင်တော့တယ်။ ဒါဟာ အမျိုးချစ်တဲ့ မြန်မာတိုင်းရဲ့စိတ်ပဲ။
ကဲ- အားအားရှိ ပထွေးဆီပြေးပြေးပြီး သံတော်ဦးတင်နေကြတဲ့ ရွေးချယ်ခံပါတီကြီးက နိုင်ငံရေးသမားများကရော ဘာလုပ်ကြမှာလည်း။ နိုင်ငံတော်ကို ဦးဆောင်ချင်ကြတယ်ဆို၊ ဦးဆောင်နိုင်တယ် ဆို။ ချစ်ကြတယ်ဆို။ ဒီလိုဆိုလည်း ပထွေးဆီပြေးပြီး နည်းနည်းလောက်တော့ ကယ်ပါယူပါ ပြောကြဦးလေ။ မြန်မာတွေကတော့ ဒီကျက်သရေယုတ်တဲ့ကောင်တွေနဲ့ အတူမနေချင်ကြဘူးတဲ့ဗျ။ အစိုးရပြောတာမဟုတ်ဘူး။ ပြည်သူတွေက ပြောနေကြတာ။ သေချာအောင် လက်မှတ်ထိုးပေးရမလား။ ခင်ဗျားတို့ ပထွေးက ခင်ဗျားတို့ဆို ယုံပါ့ဗျာ။ အဲ-ယုံချင်ယောင်ဆောင်တာလားတော့ မသိဘူးပေါ့ဗျာ။ ပထွေးလည်းမကယ်နိုင်၊ ခင်ဗျားတို့လည်း မတတ်နိုင် ဆိုရင်လည်း ဝန်ခံလိုက်ကြပေါ့။ အခုတော့ငြိမ်နေလိုက်ကြတာ၊ နှာစေးနေလိုက်ကြတာ။ ထုတ်ဦးလေ ကြေညာချက်၊ Rohingya တွေကို ပါတီကြီးက လက်မခံကြောင်းလေးပေါ့။ ပြည်သူတွေကို ကိုယ်စားပြုတယ်ဆို။ အရင်တုံးကဆို ဈေးထဲမှာ ကစွန်းရွက်သည် လေလည်တာကအစ ကြေညာချက်တွေ ဝေဝေဆာဆာ ထုတ်ခဲ့ပေမယ့် အခုတော့ စာရွက်ကုန်နေတယ်ထင်ပါရဲ့။
အင်း- ညောင်ဦးကမ်းပါးပြိုတာနဲ့ မဆီမဆိုင် စမ္မာနဂိုရ်က နွားမကြီးပေါင်ကျိုးရတာမျိုးလို၊ ထိုင်းနိုင်ငံက လူ့ကျင့်ဝတ် ပြဿနာက ကျုပ်တို့မြန်မာနိုင်ငံဆီ ရောက်လာတာကို စိတ်ပျက်ရတဲ့အထဲ တာဝန်မသိတတ်တဲ့ ကြေညာချက်လိုင်စင်စီ ပါတီကြီးကြောင့် ပိုစိတ်ပျက်ရတဲ့ အကြောင်း ရင်ဖွင့်လိုက်ပါရစေ။
(အောင်ဘု)
ကဲ-စလိုက်ကြရအောင်